
နေပြည်တော် ဩဂုတ် ၉
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် သည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ) အထက် သို့ နှစ်ပေခန့် (၆၂ စင်တီ မီတာ) ကျော်လွန်ရောက်ရှိနေ သည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ် ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်သည်။
သို့ဖြစ်ပါ၍ မဒေါက်မြို့ နှင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါ ရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ