
နေပြည်တော် ဩဂုတ် ၁၅
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၉ ဒသမ ၆၉ ပေ (၆၀၀ စင်တီမီတာ)အောက် တစ်ပေခွဲကျော် (၅၂ စင်တီမီတာ)တွင် ရောက်ရှိ နေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။
မိုး/ဇလ