
နေပြည်တော် အောက်တိုဘာ ၁၇
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန် အသင်းတို့ပူးပေါင်း၍ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ ဝန်ထမ်းများအနက် အရေးပေါ် ကားများဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယ ရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ် သူများအား သယ်ယူ/ ပို့ဆောင်ပေး ခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေသော စေတနာ့ဝန်ထမ်း မော်တော် ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ် တွင် လိုက်ပါကူညီဆောင်ရွက်နေ သော စေတနာ့ဝန်ထမ်းများအား အသိ ပညာပေး အစီအစဉ်ကို ယနေ့ မွန်းလွဲ ပိုင်းတွင် Zoom Meeting ဖြင့် ပြုလုပ် သည်။ (အပေါ်ယာပုံ)
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က နိုင်ငံတော်အနေဖြင့် စေတနာ့ဝန်ထမ်းများအား လုပ်ငန်း များ စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အား ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေး မှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံဆရာဝန် အသင်း(MMA)နှင့်ပူးပေါင်း၍ စေတနာ့ ဝန်ထမ်းလက်စွဲစာအုပ်၊ စေတနာ့ ဝန်ထမ်း နည်းပြလက်စွဲစာအုပ်များ အား ပြုစုဖြန့်ဝေခဲ့ပြီးလည်း ဖြစ်ပါ ကြောင်း၊ ယခုတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးနှင့် ထိတွေ့နေရသည့် အရေးပေါ် ယာဉ်မောင်းသူများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက် နေသူများအား ရောဂါပိုးမပြန့်ပွားစေ ရေးနှင့် ရောဂါကာကွယ်ရေးပစ္စည်း များအား စနစ်တကျဝတ်ဆင်ရန်နှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ အသိပညာပေး ခြင်းအား စတင်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးရုံးက စေတနာ့ဝန်ထမ်းများ စည်းရုံးစုစည်း ပေးခဲ့ပါကြောင်း၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် နေပြည်တော် ကောင်စီ၊ ကယားပြည်နယ်၊ မွန်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့မှ စေတနာ့ ဝန်ထမ်း ၉၁ ဦးဖြင့် ပထမအကြိမ် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး ယနေ့ ဒုတိယအကြိမ် အသိပညာ ပေးအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အသိပညာပေးအစီ အစဉ်တွင် ပါဝင်ဆွေးနွေးပေးကြမည့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ Prof. Dr မြသီတာ၊ Prof. Dr မာမာကြည်၊ Dr.သောင်းလင်း နှင့် Dr. သာထက် အောင်တို့ကိုလည်း ကျေးဇူးအထူး တင်ပါကြောင်း။
အသိပညာပေး အစီအစဉ်က တစ်ဆင့် လူနာတင်ယာဉ်ဖွဲ့စည်းပုံနှင့် အသက်ရှူစက်များ အလုပ်လုပ်ပုံ၊ နာတာရှည်ရောဂါခံစားနေရသူများ နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်း၊ ကာကွယ်ရေးပစ္စည်းများ စနစ်တကျဝတ်ဆင်သည့် နည်းလမ်း နှင့် စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာ တင်ယာဉ်များတွင် ကိုယ်ဝန်ဆောင် မိခင်များပါလာပါက ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးပေးမည် ဖြစ်ပါကြောင်း၊ ယနေ့ အသိပညာပေး အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းများ တက်ရောက် ကြသည့်အတွက် အလွန်ပင် ဝမ်းသာ ရပါကြောင်း၊ ယခုလိုအချိန်တွင် စေတနာ့ဝန်ထမ်းများ အနေဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ပေးနေ ကြသည့်အတွက် တစ်ယောက်စီတိုင်း ကို အထူးကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း၊ နောက်ထပ် လည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသီတာက အသိပညာပေးအစီအစဉ် ပြုလုပ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး သက်ဆိုင်ရာခေါင်းစဉ်အလိုက် တာဝန် ရှိသူများက ဆက်လက်ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် တက်ရောက်လာသော စေတနာ့ဝန်ထမ်းများက သိလိုသည် များကို အပြန်အလှန်မေးမြန်းဖြေကြား ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်