
ပရီမီယာလိဂ်ပွဲစဉ် (၂၃) မှ ဆောက်သမ်တန် အသင်းနှင့် အမှတ်ပေးဇယား ဦးဆောင်သူ မန်စီးတီးအသင်းတို့ ပွဲစဉ်ကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ဆောက်သမ်တန် အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီး ဆုံးခဲ့သည်။
ယခုပွဲစဉ်တွင် နှစ်သင်းစလုံး အားထားရသည့် ကစားသမားအစုံ အလင်ဖြင့် ပွဲထွက်လာခဲ့သည့် အတွက် အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ယခု ပွဲစဉ်အတွက် ဦးဆောင်ဂိုးကို ဆောက်သမ်တန်အသင်းက ပွဲချိန် ခုနစ်မိနစ်တွင် ရရှိခဲ့ပြီး ရက်မွန်၏ ဖန်တီးမှုမှ ဝေါ်ကာပီတာက သွင်းယူပေးနိုင်ခဲ့သည်။ မန်စီးတီး အသင်းသည် ဆောက်သမ်တန် အသင်းကို ခြေအသာ၊ ဂိုးကန်သွင်း မှုအသာ၊ နည်းဗျူဟာအသာဖြင့် ချေပဂိုးရရှိရန် ဖိအားပေး ကစား နိုင်ခဲ့သော်လည်း ဆောက်သမ်တန် အသင်းခံစစ်နှင့် ဂိုးသမားတို့ ဟန့်တား ထားနိုင်မှုကြောင့် ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မန်စီး တီးအသင်းကသာ ဖိအားပေး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် ချေပဂိုးရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ဒီဘရိုင်း၏ ဖန်တီးမှုမှ လာပေါ်တေးက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် တွင် အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်မှု ၊ ဂိုးကန်သွင်းမှုများ ရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲ နိုင်ခြင်း မရှိသောကြောင့် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့ခြင်းဖြစ် သည်။
ဂွါဒီယိုလာ၏ မန်စီးတီး အသင်းသည် ယခုပွဲစဉ်သရေကျခဲ့ သည့်အတွက် ပရီမီယာလိဂ် ၂၃ ပွဲကစားပြီး ရမှတ် ၅၇ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သော်လည်း ပရီ မီယာလိဂ် ၁၂ ပွဲဆက် နိုင်ပွဲ ရရှိမှုစံချိန် ကျိုးပျက်ခဲ့သည်။ ပြိုင်ဘက် ဆောက်သမ်တန် အသင်းက ယခုပွဲသရေကျမှု ကြောင့် ၂၂ ပွဲကစားပြီး ၂၅ မှတ် သာ ရရှိထားသည်။
လာမည့်ပွဲစဉ်အဖြစ် အက်ဖ် အေဖလားပြိုင်ပွဲတွင် မန်စီးတီး အသင်းက ဖေဖော်ဝါရီ ၅ ရက်၌ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ဆောက်သမ်တန်အသင်း ကလည်း အဆိုပါရက်တွင် ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အခြားပွဲစဉ်ရလဒ်များအဖြစ် အာဆင်နယ်နှင့် ဘန်လေတို့ပွဲမှာ ဂိုးမရှိသရေဖြစ်ခဲ့ပြီး လက်စတာ နှင့် ဘရိုက်တန်ပွဲမှာ တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။ လီဗာပူးက အဝေးကွင်း၌ ပဲလေ့စ်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။
အောင်ဇော်