ဆောင်းရာသီမတိုင်မီ ဗြိတိန်တွင် တတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပေးမည်

ဗြိတိန်   ဇူလိုင်  ၁ 


ဗြိတိန်အစိုးရသည်     ဆောင်းတွင်း မတိုင်မီ   ကိုဗစ်-၁၉   ကြောင့် ဖြစ်ပေါ်လာနိုင်သည့်     ထိခိုက် နာကျင်မှုများကို    ကာကွယ်နိုင် ရန် တတိယအကြိမ်    ကိုဗစ်-၁၉  ကာကွယ်ဆေးများ    ထိုးပေးသွား မည်ဖြစ်သည်။ 


ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပိုမိုထိုးခြင်းဖြင့်           ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ပိုမိုကြာကြာခုခံသွားနိုင်မည်ဖြစ်ကြောင်း အသွင် ပြောင်းမျိုးစိတ်ကူးစက်ဖြစ်ပွားမှုကိုလည်း    ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


တတိယအကြိမ်     ကိုဗစ်-၁၉ ကာကွယ်ဆေးကို            ပထမဆုံး ထိုးပေးသွားမည့်သူများကတော့ သက်ကြီးစောင့်ရှောက်ရေးဂေဟာများမှ  အဘိုးအဘွားများ၊ အသက် ၇ဝ  ကျော်သူများ၊   ကျန်းမာရေး ရှေ့တန်းတိုက်စစ်မှူးများ ဖြစ်ကြ သည်။ 

ထို့နောက် အသက် ၅ဝ ကျော် အရွယ်များကို ထပ်မံထိုးပေးသွား မည်ဖြစ်သည်။ ထို့အပြင် အသက် ၁၆   နှစ်မှ   ၄၉   နှစ်အတွင်းရှိ ရောဂါကူးစက်       ဖြစ်ပွားလွယ်သူ များကိုလည်း      ဆက်လက်ထိုးပေး သွားမည်ဖြစ်သည်။ 


ထပ်လောင်း         ခုခံကာကွယ် ဆေးထိုးပေးရာတွင်   မည်သည့် ကာကွယ်ဆေးကို   ရွေးချယ် ထိုးပေးသွားမလဲဆိုသည်ကို မဆုံး ဖြတ်ရသေးကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ