
ကဘူးလ် ဒီဇင်ဘာ ၂၇
အာဖဂန်နစ္စတန်တွင် အမျိုးသမီး များ ခရီးသွားလာသည့်အခါ ဆွေမျိုးသားချင်းထဲမှ အမျိုးသား တစ်ဦး အဖော်မပါဘဲ သွားလာ ခွင့်မရဟု တာလီဘန် အာဏာပိုင် များက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။
ထို့ပြင် ဟီဂျပ်ဝတ်ဆင်ထား သည့် အမျိုးသမီးများကိုသာ ယာဉ်စီးနင်းခွင့်ပေးရန် ယာဉ်ပိုင် ရှင်များကိုလည်း တောင်းဆိုထား သည်။ အမျိုသမီးများ ၄၅ မိုင် အထက် ခရီးသွားမည်ဆိုပါက မိသားစုထဲ မှ အမျိုးသားအဖော် လိုက်ပါခြင်းမရှိဘဲ သွားလာခွင့် မရှိဟု အာဖဂန် ဒုစရိုက်ကာကွယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဆာဒစ် အကစ်ဖ် မူဟာဂျီရာ က အေအက်ဖ်ပီသို့ ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။
အမျိုးသမီးဇာတ်ကောင်များပါဝင်သည့် ရုပ်သံဒရမ်မာများကို အာဖဂန်ရုပ်သံလိုင်းများမှ ထုတ် လွှင့်ခြင်းမပြုရန် ဝန်ကြီးဌာနက တောင်းဆိုပြီး နောက်သီတင်းပတ် အကြာတွင် ယခုလိုညွှန်ကြားမှုပေါ်ထွက်လာခြင်းဖြစ်သည်။
ရုပ်သံဂျာနယ်လစ်များသည် သတင်း တင်ပြနေစဉ်အတွင်း ဟီဂျပ်ဝတ်ဆင်ရမည်ဟုလည်း ဝန်ကြီးဌာနက တောင်းဆိုထား သည်။
ဩဂုတ်လအတွင်း တာလီ ဘန်များ အာဏာရလာသည့် အချိန်မှစတင်ကာ အမျိုးသမီး များနှင့် မိန်းကလေးငယ်များ အပေါ် အမျိုးမျိုးသောကန့်သတ် ချက်များချမှတ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များက ၎င်းတို့အာဏာရ စဉ်အတွင်း အုပ်ချုပ်ခဲ့စဉ်က စည်းကမ်းချက်များနှင့် ယှဉ်လျှင် ပိုမိုပျော့ပျောင်းသည့် စည်းမျည်းများနှင့်အုပ်ချုပ်မည်ဟု ကတိ ပြုထားသော်လည်း အမျိုးသမီး များအပေါ် စည်းကမ်းချက်အမျိုး မျိုး ထုတ်လျက်ရှိသည်။
အေအက်ဖ်ပီ