
နေပြည်တော် ဇူလိုင် ၄
စာရေးသူ ဒေါက်တာခင်မိုးမိုး ရေးသားပြုစုပြီး သုတစွယ်စုံ စာအုပ်တိုက်မှ ထုတ်ဝေလိုက် သည့် ဆေးဖြစ်စေသော အစား အစာများနှင့် ဘေးဖြစ်စေသော အစားအစာများ စာအုပ်ထွက်ရှိ လာပြီဖြစ်သည်။
လူသားတို့ အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ကမ္ဘာပေါ်တွင် အကောင်း ဆုံးသမားတော် ခုနစ်ဦးအနက် တစ်ဦး အပါအဝင်ဖြစ်သည့် အစားအစာကို ချင့်ချိန်စားသုံး တတ်စေရေးအတွက် အထောက် အပံ့ဖြစ်စေရန် အသိပညာ အထောက်အကူ ဖြစ်စေရေး အတွက် လေ့လာပြုစုထားသည့် အဆိုပါစာအုပ်၏ အခန်း(၁)တွင် လူ့ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်သည့် အာဟာရဓာတ်များ အကြောင်း၊ အခန်း (၂) တွင် ဆေးဖြစ်စေနိုင်သော အစားအစာ နှင့် ဘေးဖြစ်စေနိုင်သော အစား အစာများအကြောင်း၊ အခန်း (၃) တွင် အစားအစာစားတတ် ခြင်းအနုပညာနှင့် အခန်း (၄) တွင် အာဟာရဗဟုသုတများ အကြောင်း စေ့ငုစုံလင်စွာဖော်ပြ ထားသည့်အပြင် ခန္ဓာကိုယ် အတွင်း အာဟာရချို့တဲ့သည့် လက္ခဏာများနှင့် ဖြေရှင်း နည်းလမ်းများကိုပါ ဖော်ပြထား ရာ အသက်ရှည်အနာမဲ့ပြီး ကိုယ် ကျန်းမာစိတ်ချမ်းသာစွာ နေထိုင် နိုင်ရေး လေ့လာဖတ်ရှုသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ် သည်။
ယင်းစာအုပ်ကို တန်ဖိုး ငွေကျပ် ၁၅၀၀၀ ဖြင့် စွယ်စုံ မီဒီယာဂရု(ပ်) ပထမထပ်၊ Central Tower ၊ အနော်ရထာ လမ်း (၃၉ လမ်းထောင့်)၊ ရန်ကုန် မြို့၊ ဖုန်း - ဝ၁ ၃၈၅၂၉၃၊ ဝ၁ ၈၃၉၂၇၃၉ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။ မြန်မာ့အလင်း