ဆီဆိုင်မြို့နယ်၌ တပ်မတော်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ငါးသိန်းကျပ်မှ ရှစ်သိန်းကျပ်အထိ လိုက်လံကောက်ခံနေဟု သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဇွန်  ၂၀
ရှမ်းပြည်နယ်    ဆီဆိုင်မြို့နယ်၌ တပ်မတော်နှင့်   PNO  အဖွဲ့တို့က ဇွန် ၁၇ ရက်တွင် စစ်အသုံးစရိတ် ဟုဆိုကာ  တစ်အိမ်လျှင်  ၅   သိန်း ကျပ်မှ  ၈ သိန်းကျပ်အထိ လိုက်လံ ကောက်ခံနေကြောင်း   မှန်ကန်မှု မရှိသော    သတင်းများကို    လူမှု ကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ လျက်ရှိကြောင်း တွေ့ရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာမြို့နယ် လုံခြုံရေး တာဝန်ရှိသူတစ်ဦးနှင့်      PNO အဖွဲ့မှ       တာဝန်ရှိသူတစ်ဦးတို့၏ ပြောကြားချက်အရ       ဆီဆိုင် မြို့နယ်အတွင်း မည်သည့်ငွေကြေး မျှ ကောက်ခံခြင်းမရှိဘဲ  လုပ်ကြံ ရေးသားထားသော သတင်းအမှား သာဖြစ်ကြောင်း၊    ဆီဆိုင်မြို့နယ် အတွင်း  ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပေးလျက် ရှိပြီး  နယ်မြေဒေသ  တည်ငြိမ် အေးချမ်းရေးနှင့်    တရားဥပဒေ စိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံ ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း   သိရ သည်။
ထိုသို့     လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေလုံခြုံရေးဆောင်ရွက် နေမှုအပေါ် ပြည်သူလူထုမှ အထင် အမြင်လွဲမှားစေရန်အတွက် တရား မဝင်       ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ထုတ်လွှင့်        ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်