ဆီဆိုင်မြို့နယ်တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်   မေ  ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင် မြို့နယ် ထီဗွာကျေးရွာကို လုံခြုံ ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မေ ၁၅ ရက်မှ ၁၇ ရက်အထိ ကျေးရွာ အတွင်းဝင်ရောက်၍   ပြည်သူပိုင်  ပစ္စည်းများကို    ယူဆောင်ပြီး နေအိမ်များကို   မီးရှို့ဖျက်ဆီးခဲ့ ခြင်းကြောင့်   နေအိမ်  ၄၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု မဟုတ် မမှန်    စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့် လှုံ့ဆော်နေသည်ကို    တွေ့ရှိရ သည်။
အေးချမ်းတည်ငြိမ်လျက်ရှိ သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် PNLA အဖွဲ့မှ ငြိမ်းချမ်း မှုကိုမလိုလားသူအချို့နှင့် အကြမ်း ဖက်ပူးပေါင်းအဖွဲ့များက တည်ငြိမ် အေးချမ်းမှု     ပျက်ပြားစေရန် အတွက်     နယ်မြေလုံခြုံရေး  ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်စခန်းများနှင့်   လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များကို  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်   ပစ်ခတ် တိုက်ခိုက်ခြင်း၊ ၎င်းတို့ကို ထောက်ခံ အားပေးခြင်းမရှိသည့်   ကျေးရွာ များကို       မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်   ပစ်ခတ် တိုက်ခိုက်ခြင်းများကို ရည်ရွယ် ချက်ရှိရှိ  လုပ်ဆောင်လျက်ရှိသည့် အတွက်  နေအိမ်များ    မီးလောင် ပျက်စီးခဲ့ရသည်။     ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက      မီး လောင်ပျက်စီးခဲ့သည့်  ကျေးရွာ များမှ ဒေသခံတာဝန်ရှိသူများနှင့် အတူ    ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။ 
ယခုဖြစ်စဉ်မှာလည်း နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ထီဗွာကျေးရွာအတွင်းမှ အကြမ်း ဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်      ပစ်ခတ် တိုက်ခိုက်ခဲ့ရာ    အပြန်အလှန် ပစ်ခတ်မှုများ     ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ  ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည့်   အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ က      လိုအပ်သည့်လုံခြုံရေး ဆောင်ရွက်မှုများ    လုပ်ဆောင် လျက်ရှိသည်ကို    ပြည်သူများ အထင်အမြင်       လွဲမှားစေရန် အတွက်      တရားမဝင်ပြည်ဖျက် မီဒီယာများက  မဟုတ်မမှန်စွပ်စွဲ ရေးသားပြီး  ဝါဒဖြန့်လှုံ့ဆော်နေ ခြင်းသာဖြစ်ကြောင်း  သတင်းရရှိ သည်။                     သတင်းစဉ်