ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာအသင်း နှစ်ပွဲဆက် အနိုင်ရ

 

 

ရန်ကုန်  မေ  ၁၀
(၃၁)    ကြိမ်မြောက်   ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များကို မေ   ၁၀   ရက်က    ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ   မြန်မာအသင်း နှစ်ပွဲဆက်   အနိုင်ရရှိခဲ့သည်။    မြန်မာ အသင်းသည်     အုပ်စုဒုတိယပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့်   ယှဉ်ပြိုင်ကစားရာ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည်    နိုင်ပွဲဆက်ခဲ့ သော်လည်း  နှစ်ပွဲစလုံး   ရုန်းကန်ခဲ့ရပြီး ကျဉ်းမြောင်းသည့်   ရလဒ်များဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ သို့သော် တီမော၊ ဖိလစ်ပိုင်အသင်းထံမှ  အမှတ်ပြည့်ရယူနိုင် ခဲ့သဖြင့်   ကျေနပ်စရာဖြစ်ပြီး ဗီယက်နမ်၊  အင်ဒိုနီးရှားတို့နှင့်   ဆီမီးဖိုင်နယ် တက်ရောက်ရေး အဆုံးအဖြတ်ပွဲမတိုင်မီ အားသာချက်   ဖြစ်စေခဲ့သည်။   အိမ်ရှင် ဗီယက်နမ်ကို သရေကစားပြီး နှစ်ပွဲကစား လေးမှတ်ရထားသည့်  ဖိလစ်ပိုင်အသင်းမှာမူ  မြန်မာကို အရေးနိမ့်ခဲ့သဖြင့်  ဆီမီးဖိုင်နယ် တက်ရောက်ရေး အင်ဒိုနီးရှားနှင့် နောက်ဆုံးပွဲတွင် ရုန်းကန်ရတော့ မည်ဖြစ်သည်။
မြန်မာအသင်းသည် တီမောနှင့်ပွဲတွင် ကစားခဲ့သည့်  ပွဲထွက်လူ စာရင်းအတိုင်း ယှဉ်ပြိုင်ခဲ့ပြီး ပြည့်ဖြိုးသူ (ဂိုး)၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊   အောင်ဝဏ္ဏစိုး၊   ဟိန်းဇေယျာလင်း၊  ရန်ကျော်ထွေး၊   ဇော်ဝင်းသိန်း၊  လွင်မိုးအောင်၊  မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊  ထက်ဖြိုးဝေတို့ဖြင့် ပွဲထွက်ခဲ့သည်။
မြန်မာအသင်းသည်  မိနစ် ၃၀ အထိ ပွဲကိုထိန်းကစားနိုင်ခဲ့ပြီး   နှစ်   မိနစ်တွင်  ဝင်းနိုင်ထွန်းက   ဦးဆောင်ဂိုးသွင်းယူခဲ့သည်။    မြန်မာအသင်း သည်   ယင်းနောက်ပိုင်းတွင်  ဂိုးထပ်ရနိုင်သည့်  အပိုင်အခွင့်အရေး နှစ်ကြိမ်ထက်မနည်းရခဲ့သော်လည်း  အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရ သည်။ ၃၄ မိနစ်တွင်  ဖိလစ်ပိုင်အသင်း   ချေပဂိုးပြန်ရခဲ့ပြီး  ထောင့်ကန် ဘောမှတစ်ဆင့်    တိုက်စစ်မှူး    ဘီဒစ်က ခေါင်းတိုက်သွင်းယူခဲ့သည်။  သုံးမိနစ်အကြာတွင်   ဖိလစ်ပိုင်အသင်း   ပယ်နယ်တီ   ကန်ခွင့်ရခဲ့ပြီး    ဘီဒစ်က    သွင်းယူခဲ့သဖြင့်   ပထမပိုင်းအပြီးတွင်   ဖိလစ်ပိုင်အသင်းက ဦးဆောင်နေသည်။  ဒုတိယပိုင်းတွင်  မြန်မာအသင်းက ချေပဂိုးရရန် ကြိုးပမ်းလာကာ   မိနစ် ၅၀ တွင်  လွင်မိုးအောင်က  ခေါင်းတိုက်ပြီး   ချေပဂိုး ပြန်သွင်းခဲ့သည်။  ၅၃  မိနစ်တွင်  ထောင့်ကန်ဘောမှတစ်ဆင့်   အသင်း ခေါင်းဆောင်   စိုးမိုးကျော်က အနိုင်ဂိုးသွင်းယူပေးခဲ့သည်။    မြန်မာအသင်းသည် ယခုပွဲအပြီးတွင် နှစ်ပွဲကစား  နှစ်ပွဲနိုင်   ခြောက် မှတ်ဖြင့် အုပ်စု (က) တွင် ဦးဆောင်လျက်ရှိသည်။  မြန်မာအသင်းသည်    အုပ်စုတတိယပွဲအဖြစ် မေ ၁၃ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်    ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                      ရဲရင့်လွင်