
ရန်ကုန် မေ ၉
(၃၁) ကြိမ်မြောက် ဆီးဂိမ်းဘောလုံး အမျိုးသား၊ အမျိုးသမီး အုပ်စုပွဲစဉ်များ ကို မေ ၉ ရက်က ဆက်လက်ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ထိုင်းနှင့် ကမ္ဘော ဒီးယား၊ အမျိုးသမီးပြိုင်ပွဲတွင် ဖိလစ်ပိုင် အသင်းတို့ ဂိုးပြတ်နိုင်ပွဲများ ရရှိခဲ့သည်။
အမျိုးသမီးပြိုင်ပွဲကို ယနေ့မှစတင် ကျင်းပခြင်းဖြစ်ပြီး ဖိလစ်ပိုင်အသင်းက ကမ္ဘောဒီးယားကို ငါးဂိုးပြတ် အနိုင်ရ ခဲ့ခြင်းဖြစ်သည်။ အုပ်စု (က) တွင် သုံးသင်းသာပါဝင်သဖြင့် ဂိုးပြတ်အနိုင် ရခဲ့သည့် ဖိလစ်ပိုင်အသင်းသည် ဆီမီးဖိုင်နယ်တက်ရန် အခြေအနေ ကောင်းသွားခဲ့သည်။ ဖိလစ်ပိုင်အသင်း သည် ပထမပိုင်းတွင် တစ်ဂိုးသာ သွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများ ဆက်တိုက်ရရှိခဲ့သဖြင့် ဂိုးပြတ် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ် သည်။
အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်းသည် ပွဲဦး ထွက်ပွဲအဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ကမ္ဘောဒီးယားအသင်း သည် ခြေအသာဖြင့်ကစားကာ ဂိုးပြတ် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်း သည် စင်ကာပူအသင်းကို ငါးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ယူပြီး နိုင်ပွဲစတင်ရရှိခဲ့သည်။ ထိုင်းအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာ သွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများ ဆက်တိုက် ရရှိခဲ့သဖြင့် ဂိုးပြတ်နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်း သည် ပထမပွဲတွင် မလေးရှားကို မထင်မှတ်ဘဲ အရေးနိမ့်ထားပြီး ယခုပွဲမှ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ- Cambodia 2022 Facebook