ဆီးဂိမ်းအမျိုးသားဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမပွဲအဖြစ် အင်ဒိုနီးရှားနှင့်ယှဉ်ပြိုင်

 

ရန်ကုန်   မေ  ၁၄ 


ဆီးဂိမ်း  အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို     မေ   ၁၄ ရက်က        ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ    မြန်မာ အသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။ 

 


မြန်မာအသင်းသည်  အုပ်စု ပထမပွဲအဖြစ်       အင်ဒိုနီးရှား အသင်းနှင့်  ယှဉ်ပြိုင်ကစားရာ ခြောက်ဂိုးပြတ်  အရေးနိမ့်ခဲ့ပြီး  အခြားပွဲတွင်  ဗီယက်နမ်အသင်းက မလေးရှားအသင်းကို   ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ နှင့်    အင်ဒိုနီးရှားအသင်းသည် ဧပြီလက  ပြုလုပ်သည့်   ၂၀၂၂ အာဆီယံ  ဖူဆယ်ပြိုင်ပွဲ  ဆီမီး ဖိုင်နယ်တွင်       တွေ့ဆုံခဲ့ရာ မြန်မာအသင်းက   ခြောက်ဂိုး-တစ်ဂိုးဖြင့်     အရေးနိမ့်ခဲ့ပြီး နှစ်ပွဲဆက်     အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။      မြန်မာအသင်းသည် ပထမပိုင်းတွင်    တစ်ဂိုးသာပေးခဲ့ ရသော်လည်း   ဒုတိယပိုင်းတွင် ငါးဂိုးအထိ ပေးခဲ့ရသဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။  မြန်မာ အသင်းသည်  အဖွင့်ပွဲတွင် ဂိုးပြတ် အရေးနိမ့်ခဲ့သဖြင့်  ဆုတံဆိပ်ရယူ နိုင်ရန်      လက်ကျန်ပွဲများတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

 


မြန်မာအသင်းသည်    အုပ်စု ဒုတိယပွဲအဖြစ်  မေ ၁၆ ရက်တွင် ထိုင်းအသင်းနှင့်  ကစားရမည်ဖြစ် သည်။  အုပ်စုဒုတိယနေ့အပြီးတွင် အင်ဒိုနီးရှားနှင့်  အိမ်ရှင်ဗီယက်နမ် အသင်းတို့က      နှစ်ပွဲကစား လေးမှတ်စီ၊     ထိုင်းအသင်းက တစ်ပွဲကစား    သုံးမှတ်ရထားပြီး တစ်ပွဲကစားထားသည့် မြန်မာနှင့် နှစ်ပွဲကစားထားသည့်  မလေးရှား အသင်းတို့မှာ   ရှုံးပွဲကြုံတွေ့ထား ပြီး အမှတ်မရသေးပေ။


 ရဲရင့်လွင်၊ ဓာတ်ပုံ - MFF