ဆီးဂိမ်းဘော်လီဘောပြိုင်ပွဲ ပထမနေ့တွင် မြန်မာနှင့် အင်ဒိုနီးရှား ယှဉ်ပြိုင်

 

ရန်ကုန်  မေ  ၁၃ 


ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေ သည့်   (၃၁)   ကြိမ်မြောက်    ဆီးဂိမ်းအမျိုးသား ဘော်လီဘောပြိုင်ပွဲ ပထမနေ့ကို မေ ၁၃ ရက်က  စတင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည်     အုပ်စုပထမပွဲအဖြစ်  လက်ရှိချန်ပီယံ  အင်ဒိုနီးရှားအသင်းနှင့်   ကစားခဲ့ရပြီး  သုံးပွဲပြတ်အရေးနိမ့်ခဲ့သည်။  မြန်မာအသင်းသည် ပထမပွဲငယ်တွင်   ၂၂-၂၅   မှတ်၊   ဒုတိယပွဲငယ်တွင် ၁၇-၂၅ မှတ်၊ တတိယပွဲငယ်တွင် ၁၉-၂၅ မှတ်တို့ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။  ၂၀၁၉  ဆီးဂိမ်းပြိုင်ပွဲ ပြီးကတည်းက   နိုင်ငံတကာပြိုင်ပွဲများနှင့်  အဆက် ပြတ်နေသည့်  မြန်မာဘော်လီဘောအသင်းသည် အဖွင့်ပွဲအဖြစ်  လက်ရှိချန်ပီယံ   အင်ဒိုနီးရှားနှင့် ကစားခဲ့ရသဖြင့် ရုန်းကန်ခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ဆီးဂိမ်းအမျိုးသား    ဘော်လီဘောပြိုင်ပွဲကို   အသင်း ခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး   အုပ်စု  (က) တွင်  အင်ဒိုနီးရှား၊  ဗီယက်နမ်၊ မြန်မာ၊ မလေး ရှား၊ အုပ်စု (ခ) တွင် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ် ပိုင်အသင်းတို့  ပါဝင်နေသည်။  မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မေ ၁၅ ရက်တွင် မလေးရှား အသင်းနှင့် ကစားရမည်ဖြစ်သည်။ 
ရဲရင့်လွင်