
ရန်ကုန် မေ ၁၆
(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဖူဆယ်ပြိုင်ပွဲ အုပ်စု တတိယနေ့ကို မေ ၁၆ ရက်က ဗီယက်နမ်နိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်း ရှုံးပွဲ ဆက်ခဲ့သည်။
မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုး ဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာ အသင်းသည် နှစ်ပွဲဆက်အရေး နိမ့်ခဲ့သဖြင့် ဆုတံဆိပ်ရယူနိုင်ရန် လက်ကျန်နှစ်ပွဲတွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ မြန်မာအသင်းသည် ပထမပွဲတွင် အင်ဒိုနီးရှားကို ဂိုးပြတ်ရှုံးနိမ့်ထား သောကြောင့် ယခုပွဲတွင် ရလဒ် ကောင်းရရန် ကြိုးပမ်းခဲ့ပြီး နာမည်ကြီးထိုင်းအသင်းကို ကျဉ်း မြောင်းသည့် ဂိုးရလဒ်ဖြင့်သာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုင်း အသင်းသည် ပထမပိုင်းကတည်း က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရ နေပြီး ဒုတိယပိုင်းတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာ အသင်းအတွက် ချေပဂိုးကို သိုင်းဘွဲ့အောင်က သွင်းယူခဲ့ သည်။
အုပ်စုတတိယနေ့ အခြား ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းက မလေးရှားအသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ ယခုပွဲစဉ်အပြီး တွင် အင်ဒိုနီးရှားအသင်းက သုံးပွဲ ကစား ခုနစ်မှတ်၊ ထိုင်းအသင်း က နှစ်ပွဲကစား ခြောက်မှတ်၊ ဗီယက်နမ်အသင်းက နှစ်ပွဲကစား လေးမှတ်ရရှိထားပြီး နှစ်ပွဲကစား ထားသည့် မြန်မာနှင့် သုံးပွဲကစား ထားသည့် မလေးရှားအသင်းတို့ မှာ အမှတ်မရသေးပေ။ မြန်မာ အသင်းသည် အုပ်စုတတိယပွဲ အဖြစ် မေ ၁၈ ရက်တွင် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် ကစားရ မည်ဖြစ်သည်။ ကိုညီလေး