ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဖူဆယ်အမျိုးသားအသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  မေ  ၇


မြန်မာ့လက်ရွေးစင်    အမျိုးသားဖူဆယ်အသင်းသည်   (၃၁) ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန်  မေ ၇ ရက် နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားသည်။

 


ဆီးဂိမ်း အမျိုးသားဖူဆယ်ပြိုင်ပွဲကို မေ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအပါအဝင် အိမ်ရှင်ဗီယက်နမ်၊ လက်ရှိ ချန်ပီယံ ထိုင်း၊ မလေးရှားနှင့်  အင်ဒိုနီးရှားတို့ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကာ   ငါးသင်းပတ်လည်စနစ်ဖြင့်  ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ  မြန်မာအသင်းသည်  မေ ၁၄ ရက်တွင် အင်ဒိုနီးရှားအသင်း၊ မေ ၁၆ ရက်တွင်  ထိုင်းအသင်း၊ မေ ၁၈ ရက် တွင် ဗီယက်နမ်အသင်း၊ မေ ၂၀ ရက်တွင်  မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်  ရှစ်ဦး၊ ကစားသမား ၁၆ ဦး  လိုက်ပါသွားသည်။ မြန်မာ့လက်ရွေးစင်   အမျိုးသားဖူဆယ်အသင်းတွင်  အဖွဲ့ ခေါင်းဆောင် - ဒေါက်တာရဲမွန်ထွဋ်၊ အုပ်ချုပ်သူ-ဦးရဲဝင်းထွန်း၊ နည်းပြချုပ်-ဘန်လက်ချာယိုဝန် (ထိုင်း)၊  လက်ထောက်နည်းပြ-ဦးဌေးမြင့်၊  ဦးကျော်ဇင်ညွန့်၊  ဂိုးနည်းပြ - ဦးထွန်းထွန်းလတ်၊ ကြံ့ခိုင်ရေးနည်းပြ-တာဝမ် (ထိုင်း)၊ ဂိုးသမား-ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ မိုးမင်းအောင်၊  ကစားသမား - မျိုးမြင့်စိုး၊  ဟိန်းမင်းစိုး၊ အောင်ဇင်ဦး၊ လှိုင်မင်းထွန်း၊ နိုင်လင်းထွန်းကျော်၊  ခင်ဇော်လင်း၊ သိုင်းဘွဲ့အောင်၊ ချမ်းသာ၊ ထွဋ်ဝေထွန်း၊ ငြိမ်းမင်းစိုး၊ မျိုးသက်အောင်၊ ဝေဇင်ဦး၊ ကိုကိုလွင်တို့ ပါဝင်ကြသည်။ မြန်မာအမျိုးသားဖူဆယ် အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မတ် ၁၅ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပသည့် ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သလို   ယင်းပြိုင်ပွဲအပြီး   ဧပြီ ၂ ရက်မှ ၁၀ ရက်အထိ ထိုင်းနိုင်ငံ၌   ကျင်းပသည့်   အာဆီယံဖူဆယ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။                

 

ကိုညီလေး