
ဒါကာ စက်တင်ဘာ ၁၁
ဆီနီဂေါနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်း များထံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို လက်ခံရရှိခဲ့ပြီးနောက် ဆီနီဂေါ ကျန်းမာရေးအာဏာပိုင် အဖွဲ့အစည်းများက ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည့် အောက်တိုဘာလမတိုင်မီ ကာလအတွင်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ် လျက်ရှိကြောင်း ဆီနီဂေါကျန်းမာရေးနှင့် လူမှုရေး ဝန်ကြီး ဒီအော့ဖ်ဆာက စက်တင်ဘာ ၁၀ ရက် တွင် ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လှူဒါန်းမှုများကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမဟာဗျူဟာကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ဆီနီဂေါ နိုင်ငံအတွင်းရှိ ဒေသအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလက်ခံရရှိမည်ဖြစ်ကြောင်း ဆီနီဂေါ ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒီအော့ဖ်ဆာက ပြောကြားသည်။
ဆီနီဂေါကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး၏ ပြောကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသားများအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ ပေးနိုင်ရန်အတွက် တက္ကသိုလ်များ၊ ပညာရေး စင်တာများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဆီနီဂေါနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ကာ လက်ရှိ အချိန်အထိ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၃၃၉၁ ဦးရှိကြောင်း၊ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၆၀၁၅ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၂ သန်း နီးပါးရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်