ဆီရာလီယွန်နိုင်ငံ၌ စက်သုံးဆီတင်ယာဉ် ပေါက်ကွဲမှုကြောင့် လူ ၉၀ ကျော်သေဆုံး

 

ဖရီးတောင်း နိုဝင်ဘာ ၇


အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဆီရာလီယွန်နိုင်ငံ ၌ စက်သုံးဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း  ၉၀  ကျော်  သေဆုံးခဲ့ရကြောင်း သိရသည်။ နိုဝင်ဘာ ၅ ရက်ညပိုင်းက ဖရီးတောင်းမြို့၌   ၁၀ မီတာကျော် အရှည်ရှိသည့် စက်သုံးဆီတင်ယာဉ်နှင့် ထရပ်ကား တစ်စီးတို့ တိုက်မှုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ၉၄ ဦး  ထက်မနည်း  သေဆုံးခဲ့ပြီး  ၉၂  ဦး  ဒဏ်ရာရရှိခဲ့ သည်ဟု ဖရီးတောင်းမြို့တော်ဝန်က ပြောသည်။

 


ပေါက်ကွဲမှုဖြစ်ပွားပြီး မီးတောက်များဖြစ်ပေါ်ကာ မီးခိုးငွေ့များ ကောင်းကင်ယံသို့ လွင့်တက်သွားသည့် ဗီဒီယိုဖိုင်ကို  တွေ့မြင်ရသည်။   ယာဉ်တိုက်မှုဖြစ်ပွားပြီး နောက် ယိုစီးထွက်လာသည့်ရေနံများကို ခပ်ယူရန် လူများထွက်လာကြပြီး   တဖြည်းဖြည်းဖြင့်   လူအုပ် ကြီးဖြစ်လာခဲ့သည်။  ထိုအချိန်တွင်    ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 


ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်  အကြောင်း ရင်းကိုမူ     မသိရသေးချေ။     ပေါက်ကွဲမှုဖြစ်ပွား ကြောင်းကြားသိရ၍ ဝမ်းနည်းမိကြောင်း မြို့တော်ဝန် က ပြောသည်။   သေဆုံးသွားသူများ၏ မိသားစုများထံ လည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ လိုအပ် သည့်အကူအညီများ  ပေးသွားမည်ဟုလည်း ကတိပြု ခဲ့သည်။                                    

အင်န်အိတ်ချ်ကေ