
ဒမတ်စကတ် အောက်တိုဘာ ၂၀
ဆီးရီးယားမြို့တော် ဒမတ်စကတ် တွင် စစ်ဘက်ဆိုင်ရာ ဘတ်စ်ကား တစ်စီးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်။
ဘတ်စ်ကားနှင့် တွဲဆက်ထား သော ဗုံးနှစ်လုံးသည် မြို့လယ်တွင် ပေါက်ကွဲခဲ့ကြောင်း ဆီးရီးယား ပြည်တွင်းမီဒီယာများတွင် ဖော်ပြ ထားသည်။ တခြားဒဏ်ရာရရှိသူ နှစ်ဦးလည်း ရှိခဲ့သည်။
ဇိမ်ခံဟိုတယ်များနှင့် စား သောက်ဆိုင်များ တန်းစီရှိနေသော နေရာတွင် ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်း ဖြစ်ပွားရာနေရာမှ ရရှိသော မှတ် တမ်းပုံများတွင် မီးလောင်ထား သော စစ်ဘတ်စ်ကားတစ်စီးနှင့် မီးသတ်သမားများ မီးငြှိမ်းသတ် နေသည်ကို တွေ့မြင်နိုင်သည်။
အဆိုပါ တိုက်ခိုက်မှုအတွက် မည်သူ့တွင် တာဝန်ရှိကြောင်း ယခုချိန်ထိ မသိရသေးပေ။
ဆီးရီးယားပြည်တွင်းစစ်တွင် သမ္မတ ဘတ်ရှာအယ်လ်အာဆတ် အစိုးရသည် နိုင်ငံ၏ ဒေသအတော် များများကို ထိန်းချုပ်ထားသည်။ အတိုက်အခံ အုပ်စုများကို အနောက်မြောက်ပိုင်း ဒေသသို့ မောင်းထုတ်ထားသည်။ သမ္မတ အာဆတ်နှင့် ဆီးရီးယားအစိုးရ ဆန့်ကျင်တပ်ဖွဲ့များကို အားပေး ထောက်ခံလျက်ရှိသော တူရကီကို ပံ့ပိုးကူညီလျက်ရှိသော ရုရှားက လွန်ခဲ့သောနှစ် မတ်လက အပစ် ရပ်စဲရေး သဘောတူညီချက်ကို သဘောတူပြီးနောက် တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်လျက် ရှိသည်။ ထို့အတူ အိုင်အက်စ် တို့၏ အကြမ်းဖက်တိုက်ခိုက်မှု များလည်း ဖြစ်ပွားလျက်ရှိသည်။
နောက်ဆုံး ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် လုံခြုံရေး တည်ငြိမ်လျက်ရှိသော မြို့လယ် တွင် ဖြစ်ပွားခဲ့သည်။
အင်န်အိတ်ချ်ကေ