ဆိုမာလီယာအလယ်ပိုင်းတွင် တင်းမာမှုများကြောင့် ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းကျော်ရှိလာ

 

မိုဂါဒစ်ရှူး အောက်တိုဘာ ၂၃


ဆိုမာလီယာအလယ်ပိုင်း ဂယ်လ် မူဒေါ့မြို့တွင်     အရန်တပ်ဖွဲ့နှင့် အစိုးရတပ်များကြား     လက်ရှိ တင်းမာမှုများနှင့်    ပဋိပက္ခများ ကြောင့်    ရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀၀၀ ကျော်   ရှိလာသည်ဟု ကုလသမဂ္ဂက  အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။ 

 


အဆိုပါတင်းမာမှုမှာ  ကျေးရွာ ပေါင်း ၂၈ ရွာသို့   ပျံ့နှံ့သွားပြီဟု ကုလသမဂ္ဂ    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ    ကိစ္စရပ် များရုံးက ပြောသည်။
အစိုးရနှင့်  လူမျိုးစုအကြီး အကဲတို့    ‌ဆွေးနွေးပွဲပျက်သွား ပြီးနောက်      ဂူရီရယ်မြို့ကို တပ်ဖွဲ့များနှင့် ဝိုင်းထားကြောင်း ဒေသခံအစိုးရက ပြောသည်။

 

ပြည်တွင်း  ရွှေ့ပြောင်းနေထိုင် သူများမှာ ၎င်းတို့၏ ဆွေမျိုးများ ခိုလှုံရာနေရာတွင်  နေထိုင်နေကြ ပြီး ခိုလှုံရာနေရာများမှာ  လူများ နှင့် ပြည့်ကျပ်နေသည်။ 
မိသားစုပေါင်း   ၇၃၀၀  ကို လက်ခံနိုင်ရေးအတွက်       စခန်း သုံးခုကို       ဆောက်လုပ်ထား ကြောင်း    ကုလသမဂ္ဂလူသား ချင်း       စာနာထောက်ထားမှု      ဆိုင်ရာ       ကိစ္စရပ်များရုံးက            ပြောသည်။


ဆင်ဟွာ