ဆိုမာလီယာနိုင်ငံ၌ မိုးခေါင်မှုခံစားခဲ့ရသည့် နိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ တစ်သန်းထောက်ပံ့ပေး

 

မိုဂါဒစ်ရှူး   နိုဝင်ဘာ   ၂၈


ဆိုမာလီအစိုးရသည် ဆိုးရွားသော  မိုးခေါင်မှုဒဏ်ခံစားခဲ့ရသည့်  နိုင်ငံသားများကို   ကူညီရေးအတွက် အမေရိကန်ဒေါ်လာတစ်သန်း ထောက်ပံ့ပေးရန် နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ 

 


မိုးခေါင်မှုအကူအညီပေးရေး လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ဝန်ကြီးချုပ် မိုဟာမက် ရော့ဘ်လီ က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြည်လူဦးရေ ၏၂ ဒသမ ၆သန်း  ရာခိုင်နှုန်းအားဖြင့်တွက်လျှင် ၂၂ ရာခိုင်နှုန်းမှာ  ဆိုးရွားသောမိုးခေါင်မှုဒဏ်ကို ခံစားခဲ့ရ သည်ဟု ကုလသမဂ္ဂက ပြောသည်။

 


တိုင်းပြည်တစ်လွှား  မိုးခေါင်မှုကြောင့် လူပေါင်း ၁၁၃၀၀၀ နီးပါးမှာ  နေရပ်ရွှေ့ပြောင်းခဲ့ရသည်ဟု ကုလသမဂ္ဂ      လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာရုံးက ပြောသည်။ 

 


ဆိုမာလီသမ္မတ မိုဟာမက်ဖာမာဂျိုကလည်း ၎င်း၏ နိုဝင်ဘာလနှင့် ဒီဇင်ဘာလစာတို့ကို မိုးခေါင်မှု ခံစားခဲ့ရသည့် ပြည်သူများအား ကူညီလှူဒါန်းသွား မည်ဟု နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။ 

 


ဆိုမာလီနိုင်ငံတွင် လူဦးရေ ၃ ဒသမ ၅သန်းမှာ အစားအသောက်လုံခြုံစိတ်ချရမှုမရှိခြင်းနှင့် ကြုံတွေ့ နေရပြီး  အကူအညီများချက်ချင်းမရရှိပါက အခြေ အနေများ ပို၍ဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။ 


ဆင်ဟွာ