
နေပြည်တော် ဒီဇင်ဘာ ၉
ယခုလက်ရှိ မြန်မာနိုင်ငံရေးအခြေအနေကို အခွင့် ကောင်းယူ၍ ပြည်တွင်း/ ပြည်ပ ပြည်ဖျက်မီဒီယာ များ၊ မြန်မာနိုင်ငံအား ပြိုကွဲစေလိုသော နိုင်ငံတချို့ ပူးပေါင်းကာ တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုနှင့် တပ်မတော်ကို သွေးခွဲရန်၊ အမုန်း တရားများပြန့်ပွားစေရန်၊ ပဋိပက္ခများပိုမိုကြီးထွား စေရန် နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော် လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်သမား များနှင့် အကြမ်းဖက်မှုအားပေးသူများ စိတ်ဓာတ် တက်ကြွစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုသတင်းအမှားများ ဖော်ပြခြင်း၊ တပ်မတော်မှ အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် သတ်ဖြတ်နေသည့်အသွင်ဖြင့် လုပ်ကြံဖန်တီးထား သည့် သတင်းတုထုတ်လွှင့်ခြင်းများ မကြာခဏ ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပုံရိပ် ပျက်ပြားစေရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှား စေရန် လူမှုကွန်ရက်များမှတစ်ဆင့် လုပ်ကြံဖန်တီး ဖော်ပြလျက်ရှိကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ဆိုရှယ် မီဒီယာများကို အသုံးပြု၍ ငွေအား၊ နည်းပညာအား ဖြင့် ပြည်တွင်း/ပြည်ပ ဟန်ချက်ညီဆောင်ရွက်နေကြခြင်းဖြစ်သည်။
ဥပမာအားဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆူပူဆန္ဒပြမှုနှင့်ပတ်သက်၍ ဆူပူဆန္ဒပြသူ ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်းကို ပြည်တွင်း/ ပြည်ပ ပြည်ဖျက် မီဒီယာများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သံရုံး တချို့မှ ပြည်သူလူထု၏ သနားကြင်နာတတ်သော စိတ်အခံကိုအသုံးချကာ လူ ၅ ဦး သေဆုံး၍ အများ အပြားဒဏ်ရာရကြောင်း မဟုတ်မမှန်ဝါဒဖြန့်ချိမှု များ ဆောင်ရွက်ခဲ့သည်။ ထိုသို့မဟုတ်မမှန် ဝါဒဖြန့်ချိသတင်းအမှားများကို တချို့သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ သို့ အတည်ပြုချက်ရယူခြင်းမပြုဘဲ သတင်း ထုတ်ပြန်ချက်များထုတ်ပြန်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် ထပ်ဆင့်လုပ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
အဆိုပါ ဆူပူဆန္ဒပြမှုဖြစ်စဉ်အမှန်သည် သာမန်ဆန္ဒပြခြင်းမျိုးမဟုတ်ဘဲ အကြမ်းဖက် သမားများပါဝင်နေပြီး၊ အကြမ်းဖက်မှုသို့ ကူးပြောင်း မည်ဖြစ်ကြောင်း တာဝန်သိပြည်သူများ၏ သတင်း ပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ထုံးလုပ်နည်း (Counter-terrorism Strandard Operating Procedure) များနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ဆူပူ ဆန္ဒပြမှုများတွင် အကြမ်းဖက်သမားများက လူငယ်လူရွယ်တချို့ကို လူသားတံတိုင်း (Human Shield) အဖြစ် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်း ကောင်း အသုံးချနေကြသည်ကိုလည်း တွေ့ရှိရသည်။
ဒုတိယသတင်းမှားတစ်ခုအနေဖြင့် ခေတ်သစ် ပြည်ဖျက်မီဒီယာတွင် လူများ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်သံဖိုင်တစ်ခုကို ထုတ်လွှင့်ကာ တပ်မတော်မှ ပြုလုပ်လေဟန် သတင်းမှားဖြန့်ချိလျက်ရှိသည်။ အဆိုပါရုပ်သံဖိုင် သည် ဆိုရှယ်မီဒီယာများပေါ်တွင် တစ်မဟုတ်ချင်း ပျံ့နှံ့သွားပြီး ပြည်တွင်း/ပြည်ပ ချိတ်ဆက် ဆောင်ရွက်နေကြကြောင်း ထင်ရှားစွာတွေ့မြင်နေရ သည်။ မြေပြင်သတင်းစုံစမ်းချက်အရ ထိုရုပ်သံဖိုင် တွင်ဖော်ပြထားသည့် အကြောင်းကိစ္စနှင့်ပတ်သက် ၍ တပ်မတော်နှင့် (လုံးဝ) သက်ဆိုင်ခြင်းမရှိဘဲ တပ်မတော်၏ပုံရိပ်ကျဆင်းစေရန် လုပ်ကြံဝါဒဖြန့်ချိ ထားခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး သက်ဆိုင်ရာမှ အဖြစ်မှန်ပေါ်ပေါက်စေရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုအနေဖြင့် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချိချက်များကို သတိပြုနိုင်ကြရန်နှင့် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွှယ်နေသော ဆူပူအကြမ်းဖက် ဆန္ဒပြမှုဖြစ်စဉ်များတွင် လူသားတံတိုင်းအဖြစ် အသုံးချမခံရစေရေး၊ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်လက်တွဲကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ကြပါရန် သက်ဆိုင်ရာက မေတ္တာ ရပ်ခံ သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်