
ဘီးလင်း မတ် ၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုက္ကလိ ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင် မြသိန်းတန်စေတီ တော်ကို လုံးတော်ပြည့် ရွှေရောင်စတီး သင်္ကန်း ဆက်ကပ်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူး တော် ဆက်ကပ်တင်လှူ ပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
ဖွင့်လှစ်ပေး
ရှေးဦးစွာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ၊ မွန်ပြည်နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂ မဟာ ပဏ္ဍိတ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသာသန၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့ နုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏ ကျော်ထင် ဒေါက်တာခင်ရွှေနှင့် တာဝန်ရှိသူများက ထူပဝင်သမိုင်း ကျောက်စာကို ဖွင့်လှစ်ပေးကြသည်။
အမျှပေးဝေ
ထို့နောက် ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့် ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ် နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ က လှူဒါန်းရခြင်းကို ရှင်းလင်းလျှောက် ထားပြီး ဆရာတော်၊ သံဃာတော်များ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဒုတိယ ကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပထံမှ အနုမော ဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ရှေးဟောင်းသမိုင်းဝင် ဆကေသမဟာထူပဝင် သတ္တနာဝိက (ခေါ်) ဆံတော်ရှင် မြသိန်းတန်စေတီ တော်ကို လုံးတော်ပြည့် ရွှေရောင်စတီး သင်္ကန်းဆက်ကပ်ခြင်းနှင့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တို့ကို တင်လှူပူဇော်ကြသည်။
နေလင်း