ဆရာဝန်(သစ်လွင်) ၅၈၁ ဦးအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်

 

နေပြည်တော်   ဇူလိုင်   ၃၁


ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်    အရာရှိများအဖြစ် တာဝန်ပေးအပ်ခြင်း   အခမ်းအနား ကို   ယနေ့တွင်   နေပြည်တော်ရှိ MICC-II ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်၍     ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်  နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ ပြည်သူ လူထု  ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေကို  မျက်ခြည်မပြတ် လေ့လာသုံးသပ်ပြီး    လုပ်ငန်းစီမံ ချက်များ   ရေးဆွဲခြင်း၊   အကောင် အထည်ဖော်ခြင်း၊   ကာလတို/ကာလလတ်/ကာလရှည် ဦးတည် ချက်များချမှတ်ကာ  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တော်အကြီးအကဲ၏    လမ်းညွှန် ချက်များဖြစ်သည့်     “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ် လုပ်နိုင်မည်၊  လူ့အသက် ထက် အရေးကြီးတာမရှိ၊  ဆေးရုံ တိုင်း   ဆရာဝန်ရှိရမည်”  စသည့် မူဝါဒများကို   အကောင်အထည် ဖော်      ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး    လူ့စွမ်းအားအရင်း အမြစ်များကို ပြည့်ဝစွာ ခန့်ထား နိုင်ရေး  နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်    ရှိကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး    သမားဂုဏ်၊ ဆေးပညာ    ကျင့်ဝတ်တို့နှင့်အညီ ပြည်သူလူထု       ကျန်းမာရေး စောင့်ရှောက်မှု    လုပ်ငန်းများကို အာရုံစူးစိုက်၍     Professional ပီပီသသ    ဆောင်ရွက်ကြစေလို ကြောင်း၊ ဆရာဝန်(သစ်လွင်)များ အနေဖြင့် တာဝန်ထမ်းဆောင်ရင်း  ရရှိလာမည့်  ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများမှတစ်ဆင့် မိမိ တို့၏       ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်မှုများ  ရရှိကာ နိုင်ငံတော်နှင့် ပြည်သူက ယုံကြည် အားကိုးရသော  ထူးချွန်ထက်မြက် သည့်  အထူးပြုဆရာဝန်ကြီးများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း ဆရာဝန်(သစ်လွင်)များကို မှာကြားသည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်     ဆေးတက္ကသိုလ် တစ်ခုချင်းအလိုက်     ကိုယ်စားပြု ဆရာဝန်(သစ်လွင်)များကို ခန့်အပ် လွှာများ ပေးအပ်ပြီး (ဝဲပုံ) ရင်းရင်း နှီးနှီး       လိုက်လံနှုတ်ဆက်ကာ    ဆရာဝန် (သစ်လွင်)များနှင့်အတူ  လက်ဖက်ရည်ပွဲကို   အတူတကွ   သုံးဆောင်ကြသည်။
အဆိုပါ         အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွယ်  တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ပြည်နယ် နှင့် တိုင်းဒေသကြီး ကုသရေးဦးစီး ဌာနမှူးများ၊   ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့်       နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ် ခြင်းခံရသော  ဆရာဝန် (သစ်လွင်) ၅၈၁    ဦးတို့     တက်ရောက်ခဲ့ ကြသည်။
အဆိုပါဆရာဝန် (သစ်လွင်)များကို ဆေးကုသမှုအတွေ့အကြုံ များ    ပိုမိုလေ့လာဆည်းပူးနိုင်စေ ရန်နှင့် ပြည်သူလူထုဆေးကုသမှု လုပ်ငန်းများ   ပိုမိုအထောက်အပံ့ ဖြစ်စေရန်     ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့်     ပြည်နယ်/တိုင်းဒေသကြီးများရှိ    ပြည်သူ့ ဆေးရုံကြီးများတွင် တာဝန်ချထား ခဲ့ကြောင်းနှင့်    ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ်အပိုင်း(ခ) စာမေးပွဲ များ   အောင်မြင်ပြီး      အလုပ်သင် ဆရာဝန်များအဖြစ်   သက်ဆိုင်ရာ သင်ကြားရေး  ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသူ ၁၂၇၅ ဦး ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်