စီးပွားရေးအကြောင်းပြချက်ဖြင့် ကိုင်ရိုမြို့ရှိ အီသီယိုပီးယားသံရုံးကို ပိတ်သွားမည်

 

 

ကိုင်ရို  စက်တင်ဘာ  ၂၇


အီဂျစ်နိုင်ငံ   ကိုင်ရိုမြို့ရှိ   အီသီယို ပီးယားသံရုံး  လုပ်ငန်းဆောင်တာ များကို အောက်တိုဘာလမှစတင် ကာ   သုံးလမှ    ခြောက်လအထိ ဆိုင်းငံ့သွားမည်ဟု     အီသီယို ပီးယား သံရုံးက  ပြောသည်။
စီးပွားရေးအကြောင်းပြချက် ကြောင့်  ယခုလိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ  အီသီယိုပီးယား     သံအမတ်ကြီး မာကိုတက်ကယ်ရိုက်ခ်က    ပြော သည်။  
ဆိုင်းငံ့ထားစဉ်ကာလအတွင်း သံရုံးကော်မရှင်နာမှ      သံတမန် ရေးရာကိစ္စရပ်များကို စီမံသွား မည်ဟုလည်း  ၎င်းက  ဆက်ပြော သည်။
အီသီယိုပီးယား   နိုင်ငံသည် စီးပွားရေးပြဿနာကြောင့်  နိုင်ငံ အတော်များများမှ    ၎င်းတို့၏ သံရုံးများကို       ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။              ဆင်ဟွာ