အကြမ်းဖက်သမားများက လူနေရပ်ရွာများကို အကာအကွယ် အဖြစ်အသုံးချကာ အကြမ်းဖက်အဖျက်လုပ်ငန်းများ ပြုလုပ်ကြ ခြင်းက ၎င်းတို့အတွက် အကျိုးအမြတ်ထွက်သော်လည်း ပြည်သူ လူထုအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။
လက်နက်ခဲယမ်းမီးကျောက်များ ကိုင်ဆောင်ထားကာ ရပ်ရွာများ အတွင်း ခိုအောင်းနေကြသည့် အကြမ်းဖက်သမားများကို ဖမ်းဆီး ထိန်းသိမ်းရသည့်အလုပ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအဖို့ လွန်စွာ ခက်ခဲသည့်အလုပ်ဖြစ်သည်။ လက်နက်ကိုင်ထားသည့် ရန်သူနှင့် ရင်ဆိုင်နေရခြင်းနှင့် တစ်ချိန်တည်းမှာပင် ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် ဂရုပြုရှောင်ရှားရခြင်းတို့က ခက်ခဲရသည့် အကြောင်းရင်းများပင်ဖြစ်သည်။ ယခုအခါ အကြမ်းဖက်သမား တို့က လူနေရပ်ရွာများအတွင်း ခိုအောင်းနေကြပြီး အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်နေကြသည်ကို လက်မခံနိုင်ကြတော့သည့် အတွက် ပြည်သူများကိုယ်တိုင် ဆန့်ကျင်နေကြပြီဖြစ်သည်။
ဒီဇင်ဘာ ၁၇ ရက်တွင် ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာအတွင်း CNF နှင့် PDF ၊ YDF အကြမ်းဖက်ခေါင်းဆောင်အချို့ပါဝင်သည့် အင်အား ၁၀၀ ခန့်က ကျေးရွာနေပြည်သူများ၏ တားဆီးတောင်း ဆိုမှုကို ဂရုမစိုက်ဘဲ လျစ်လျူရှု၍ အကြမ်းဖက်အစည်းအဝေး ပြုလုပ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိသော ကျေးရွာသားအချို့က ရွာနှင့် အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်သတင်းပေးပို့ခဲ့မှု သည်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် လဟာရက်ကျေးရွာပြင်ဘက်ရှိ လယ်တဲတွင် ဝင်ရောက်နေထိုင် ကာ အပြစ်မဲ့ပြည်သူများ လုပ်ကြံသတ်ဖြတ်မှု ၄ ကြိမ်၊ ဖောက်ခွဲ ဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမား ၅ ဦး သတင်းကို အေးချမ်းစွာနေလိုသည့် တာဝန်သိပြည်သူများက သတင်းပေးခဲ့မှုသည်လည်းကောင်း အကြမ်းဖက်အဖျက်လုပ်ရပ် များကို ပြည်သူလူထုက စက်ဆုပ်ရွံရှာလာကြခြင်းနှင့် ဆန့်ကျင် လာကြခြင်းပင်ဖြစ်သည်။
အကြမ်းဖက်အားပေးသည့် မီဒီယာများက အကြမ်းဖက် အုပ်စုများ၊ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို မည်သို့ပင် ဖုံးဖိကာကွယ်၍ အရောင်တင်ပေးနေ စေကာမူ ပြည်သူလူထုအနေဖြင့် ဘဝနှင့်ရင်း၍ ခံစားကာ အမှန် ကို သိနားလည်နေကြပြီဖြစ်သည်။ နိုင်ငံအတွင်း PDF အမည်ခံ အကြမ်းဖက်လှုပ်ရှားမှုတို့ မရှိသည့်နေရာဒေသများမှာ ပကတိ အေးချမ်းတည်ငြိမ်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း မိမိ တို့၏ နေ့စဉ်လူမှုဘဝများကို အေးချမ်းစွာ ဖြတ်သန်းနေထိုင် လျက်ရှိကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေးတို့ ထိခိုက်ဆုံးရှုံးခဲ့ရသည့်အပေါ် ယခုအခါ ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းလာသည်နှင့်အမျှ ပြန်လည်ကုစားကာ နာလန်ထူလာအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။ နိုင်ငံတည်ငြိမ်အေးချမ်းသွား မည်ကို မလိုလား မရှုဆိတ်သည့် အဖျက်အားပေးသူ လူအချို့က လူမှုကွန်ရက်များမှတစ်ဆင့် မည်မျှပင် မျက်စိပိတ်လှုံ့ဆော်နေကြ စေကာမူ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ တစ်နေ့ တခြား ပို၍တိုးတက်ဖြစ်ပေါ်နေခြင်းနှင့်အတူ ပြည်သူလူထုက လည်း အကြမ်းဖက်အဖျက်လုပ်ရပ်များကို ပိုမိုဆန့်ကျင်နေကြ သည်မှာ ပကတိအမှန်တရားပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို အတိအလင်းချပြကာ နိုင်ငံ့တာဝန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားတို့ကို ဦးထိပ်ထား ၍ ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း ပြည်ပမှ ဆန့်ကျင်ဘက် အင်အားစုများက မြန်မာနိုင်ငံတော်နှင့်တကွ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားပျက်စီးရာ ပျက်စီး ကြောင်းအတွက် အတွင်းနှင့်အပြင် ချိတ်ဆက်ဖန်တီးလုပ်ကိုင် နေကြသည်ကိုလည်း မိမိတို့ နားလည်သိရှိကြပြီးဖြစ်သည်။ နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ရေးတို့သည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးအပေါ်တွင် အဓိက ကျသည့်အလျောက် စုစည်းညီညွတ်မှုကို တည်ဆောက်၍ အောင်ပွဲရယူနိုင်ပါစေကြောင်း။ ။