စိုက်ပျိုး မွေးမြူ ကုန်ထုတ်တိုး‌ရေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုး ရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်‌ရေးဟူသော စီးပွားရေး ဦးတည် ချက်တစ်ရပ်လည်း   ပါဝင်သည်။   စိုက်ပျိုးရေးနှင့်   မွေးမြူရေး သည်  နိုင်ငံ့လူဦးရေ၏  သုံးပုံနှစ်ပုံခန့်က   တိုက်ရိုက်အားဖြင့်   လည်းကောင်း၊ ဆက်စပ်၍လည်းကောင်း ပါဝင်ဆောင်ရွက်နေ သည့် ကုန်ထုတ်လုပ်မှုကဏ္ဍများဖြစ်ရာ စိုက်ပျိုးရေးနှင့်   မွေးမြူ ရေး ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားကို အထောက်အကူ ပြုနိုင်မည့်အပြင်  ကျေးလက်ပြည်သူများ၏  လူမှုဘဝများကို လည်း တိုးတက်စေမည်ဖြစ်သည်။


စိုက်ပျိုးရေးနှင့်  မွေးမြူရေးတို့သည်  မြေယာကို  အခြေပြု လုပ်ကိုင်ကြရသော လုပ်ငန်းများဖြစ်ပြီး တစ်ခုနှင့်တစ်ခု အပြန် အလှန်   အကျိုးပြုသော   လုပ်ငန်းများလည်းဖြစ်သည်။   နိုင်ငံ အတွင်း စားရေရိက္ခာဖူလုံရေး၊ ကျေးလက်တောင်သူများ ဝင်ငွေ တိုးတက်ရရှိရေးနှင့်   လူနေမှုအဆင့်မြင့်မားလာရေး၊   စိုက်ပျိုး မွေးမြူထုတ်ကုန်များ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့်    မွေးမြူရေးတို့ကို    ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထို့အပြင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် လယ်ယာကဏ္ဍ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိရေး လျာထားဆောင်ရွက်လျက်ရှိရာ လယ်ယာ စိုက်ပျိုးရေးအပိုင်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် သားငါးအပိုင်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်သွားကြရမှာ ဖြစ်သည်။


လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံ တကာတွင် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းစနစ်များကို လေ့လာ၍ မိမိတို့နိုင်ငံနှင့် ကိုက်ညီ  ပြီး လက်တွေ့အကျိုးရှိစွာ အသုံးပြုနိုင်သည့် နည်းလမ်းများကို တီထွင်ကြံဆဆောင်ရွက်သွားကြရန် လိုအပ်သည်။ ‘‘ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် မြေများ လုံလောက်စွာရှိသော်လည်း စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှုများ အားနည်းခြင်းကြောင့် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရိက္ခာများ ဖူလုံသင့်သလောက် ဖူလုံခြင်း မရှိသည်ကို တွေ့ရှိရ ကြောင်း၊   မိမိတို့နိုင်ငံတွင်  ယခုနှစ်အတွင်း  မိုးစပါး  စိုက်ဧက ၁၄ ဒသမ ၉ သန်းရှိပြီး ၆ သန်းကျော်သာ သီးထပ်စိုက်ပျိုးကြောင်း၊ မိုးစပါး စိုက်ပျိုးပြီးသည့်အချိန်တွင် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာနှင့် အခြားသီးနှံများကို စိုက်ပျိုးကြပြီး ကျန်ရှိသည့် ၇ သန်းကျော်တွင် သီးထပ်များ စိုက်ပျိုးခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ စိုက်ပျိုးခြင်းမရှိသည့်   တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင် အခြေခံရေသယံဇာတများ လုံလောက်စွာရှိသော်လည်း စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုး ရေများရရှိရေး   ကြိုးပမ်းဆောင်ရွက်ပြီး   မြေကို   အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုပါက စားရေရိက္ခာများ ဖူလုံပြည့်ဝလာမည်ဖြစ် ကြောင်း’’  ယခုနှစ် ဇူလိုင်လအတွင်း UMFCCI ညီနောင်အသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရေး  ဆွေးနွေးရာတွင်  နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။


မိမိတို့နိုင်ငံတွင် စားရေရိက္ခာဖူလုံရေးအတွက် အောင်အောင် မြင်မြင် စိုက်ပျိုးမွေးမြူ ဆောင်ရွက်နိုင်မည့် ရေမြေသယံဇာတ များနှင့် အလုပ်လုပ်ကိုင်နိုင်သည့် လူသားအရင်းအမြစ်များ ပြည့်စုံ စွာ    ရှိနေသော်လည်း   ဝယ်လိုအားနှင့်   ရောင်းလိုအား   မျှတမှု မရှိခြင်း၊    ထုတ်လုပ်မှုကုန်ကျစရိတ်     များပြားခြင်းတို့ကြောင့် ရှိသင့်သည့် ကုန်ဈေးနှုန်းထက် ပိုမိုကြီးမြင့်လျက်ရှိသည်။ စိုက်ပျိုး နိုင်သည့် မြေကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စိုက်ပျိုး ရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ ခေတ်မီစိုက်ပျိုး‌ရေး နည်းပညာ များ   အကူအညီပေးခြင်း၊    စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး ကြိုးပမ်းဆောင်ရွက် ခြင်းတို့အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းဆောင်ရွက် ကာ  စိုက်ပျိုးမွေးမြူ  ကုန်ထုတ်တိုးရေး  ကြိုးပမ်းကြရပါမည့် အကြောင်း။          ။