
နေပြည်တော် ဇွန် ၁၈
စိုက်ပျိုး၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ် စား MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်၌ ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့ နံနက် ပိုင်းက နမ့်စန်မြို့နယ် တောင်သူ ဦးဝင်းဇော်၏ မက္ကာဒေးမီးယား ကုန်ချောထုတ်စက်ရုံ၌ ကုန်ချော ထုတ်လုပ်မှု အဆင့်ဆင့်ဆောင် ရွက်နေမှု၊ အချိုးကျ ငါးအစာ ဖော်စပ်ခြင်းနှင့် ငါးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များကို အကြံပြုဆွေးနွေး ပြော ကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် လွိုင်လင်ခရိုင် ပဲပုပ်စိုက် တောင်သူများနှင့်တွေ့ဆုံ၍ ရှမ်း ပြည်နယ်၏ ရေမြေရာသီဥတုတွင် အောင်မြင်ဖြစ်ထွန်းသည့် ဆီထွက် ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရန် လိုအပ်ချက်များ၊ ပြည်တွင်းစားသုံး ဆီ ဖူလုံစေရေးကို အထောက်အကူ ပြုနိုင်မှုနှင့် ပဲပုပ်ကြိတ်ဖတ်များကို တိရစ္ဆာန်အစာအဖြစ် သွင်းကုန် အစားထိုးအသုံးပြုနိုင်မှု၊ တောင်သူ အကျိုးစီးပွား ဖြစ်ထွန်းနိုင်မှုတို့ကို ဆွေးနွေးပြောကြားပြီး တောင်သူ များကို ဆီထွက်ပဲပုပ်မျိုးစေ့များနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် လွိုင်လင်ခရိုင် အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း သို့ ရောက်ရှိပြီး ဘာသာရပ်အလိုက် စာပေသင်ကြား ပို့ချနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ် ဖက်ရမ်း ကျေးရွာအုပ်စုအနီးရှိ မွေးမြူရေး ဇုန်လျာထားမြေနေရာကို သွား ရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ပေါင်လင်းကျေးရွာအုပ်စု လုံးတန်ကျေးရွာရှိ ရွှေထွန်းဥစား ကြက်မွေးမြူရေးခြံ၌ ဥစားကြက် ကောင်ရေ ၁၀၀၀၀ မွေးမြူ လုပ်ကိုင်နေမှုနှင့် ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ်တို့သို့ ကြက်ဥ ဖြန့်ဖြူးရောင်းချပေးနေ မှုကို သွားရောက်ကြည့်ရှု စစ်ဆေး ပြီး တာဝန်ရှိသူများကို ဇီဝ လုံခြုံမှုရှိစေရန်နှင့် စားသုံးသူ ဘေးကင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရန်မှာကြားကာ မွေးမြူ ရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်