
နေပြည်တော် နိုဝင်ဘာ ၁၈
စိုက်ပျိုးရေ အရင်းအမြစ်များ ဖော်ထုတ်သုံးစွဲရေးနှင့် ရေစီမံခန့်ခွဲ ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် အတူ ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ် သော ရေကြီးရေလျှံမှု၊ မုန်တိုင်း ဖြစ်ပေါ်မှုနှင့် အချို့ဒေသများတွင် ထူးခြားစွာ မိုးရေချိန်နည်းပါးခြင်း၊ ဆည်တမံများ၌ ရေအဝင်နည်းခြင်း စသည့် အခြေအနေများကို တွက်ဆ၍ အဘက်ဘက်က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ချက် များ၊ ရေလေလွင့်ဆုံးရှုံးမှုနည်းပါးပြီး ထိရောက်စွာရေပေးဝေနိုင်ရေး လုပ်ငန်း များနှင့်အတူ ရေအသုံးချသူများအဖွဲ့ Water User Group (WUG) များကို ရေသောက်စနစ်များအားလုံး၌ လွှမ်းခြုံ နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက် များအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ၂၀၂၀ မိုးရာသီတွင် ရေလှောင်တမံ အများစု၌ ဝင်ရေလျော့နည်းကျဆင်း ခဲ့ခြင်းကြောင့် အချို့သော ရေလှောင် တမံများတွင် သောက်သုံးရေတစ်မျိုး တည်းသာ ပေးဝေနိုင်ခဲ့ပြီး၊ နွေစပါး စိုက်ပျိုးရေပေးဝေရန် မလုံလောက် သဖြင့် အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ရေလေလွင့်ဆုံးရှုံးမှု များပြားပြီး စိုက်ပျိုးရေအငြင်းပွားမှု ဖြစ်စေနိုင်မည့် ကွက်ဆင့်သောက် စနစ်များ လျော့နည်းသွားစေရန်နှင့် လယ်သမားအချင်းချင်း နားလည်မှု ရှိစွာဖြင့် လယ်ကြားမြောင်းများ ဆောက်လုပ်နိုင်ရန် ရေအသုံးချသူ များအဖွဲ့ Water User Group (WUG) ကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး ၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရေအသုံးချသူများအဖွဲ့ ၈၁၈၈ ဖွဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ရေအသုံးချသူများ အသင်း Water User Association (WUA)များ အဖြစ် တိုးချဲ့ဖွဲ့စည်းပေး နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း ဒေသကြီး/ ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများက စိုက်ပျိုးရေ အရင်းအမြစ်များ ဖော်ထုတ်သုံးစွဲရေး နှင့် ရေစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တင်ပြကြ ရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် အစည်းအဝေး တက်ရောက်လာ ကြသူများက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ဆည်တမံများမှ ရေပေးဝေခြင်း အပြင် မြစ်ရေတင်လုပ်ငန်းများ၊ စက် ရေတွင်းများမှ ရေပေးဝေခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး အချို့ ရေရှားပါးသောဒေသများ၌ သောက် သုံးရေရရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ တစ်ဝန်း၌ ရေလှောင်တမံ ၂၃၅ ခု၊ ရေလွှဲဆည် ၁၀၇ ခု၊ ကန် ၇၁ ခု၊ ရေ တံခါး ၁၆၈ ခု၊ မြစ်ရေတင်လုပ်ငန်း ပေါင်း ၂၁၀၊ ရေဘေးကာကွယ်ရေးတာ နှင့် ရေငန်တားတာပေါင်း ၂၂ခု စုစု ပေါင်း ၂၄၆၆ မိုင်ခန့်၊ ရေဘေးကာကွယ် ဧရိယာဧက ၂၇ သိန်းခန့်၊ ဒေသမှ ထိန်းသိမ်းထားသော ကျေးလက် ဆည်/ ကန်ပေါင်း ၆၆၀၇ ခု၊ ရေပေး ဝေမှုစနစ်တွင် ရေပေးမြောင်းမကြီးနှင့် ရေပေးလက်တံမြောင်းများ၏ အလျား မိုင်ပေါင်း ၁၃၁၆၂ မိုင်ခန့်ဖြင့် ရေရရှိ ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ သတင်းစဉ်