စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး

 

နေပြည်တော်   ဩဂုတ်   ၇


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံး(United  Nations Office for Project Services- UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ   ညွှန်ကြားရေးမှူးနှင့်  ကိုယ်စားလှယ်   Ms.  Sara Austin Netzer ကို   ယနေ့နံနက်ပိုင်းက ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်    စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တွင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။ 


တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။  


သတင်းစဉ်