စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော်   ဇူလိုင်    ၂၇


စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး    ဦးမင်းနောင် သည်    တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး  သုတေသန ဦးစီးဌာန      အားကစားကွင်း၌ ကျင်းပသည့် ပြည်ထောင်စုဝန်ကြီး ဖလား ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ       အခမ်းအနားသို့ တက်ရောက်သည်။
စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်း   ဝန်ကြီးဌာနတွင် အားကစားနည်းများ    အလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး တာဝန်ထမ်းဆောင်ဆဲ      နိုင်ငံ့ ဝန်ထမ်းများ၏  ကျန်းမာကြံ့ခိုင် ရေး၊    စိတ်အပန်းပြေစေရေးနှင့် ဦးစီးဌာနများအကြား    ရင်းနှီး ချစ်ကြည်မှု တိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်း       ဖြစ် သကဲ့သို့       ထူးချွန်သူများကို ရွေးချယ်၍ ပြုစုပျိုးထောင်ပေးခြင်း ဖြင့်  နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ   ပေါ်ထွက်လာစေရန် မျှော်မှန်းဆောင်ရွက်ခြင်း   ဖြစ် ကြောင်း၊  ယခု   ကျင်းပသည့်  အမျိုးသားဘောလုံး  အားကစား ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်မှ ၂၇ရက် အထိ     ရုံးအမှတ်ကိုယ်စားပြု အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆု ဖလားရရှိသည့် ရုံးအမှတ် (၃၆)အသင်းကို  ပြည်ထောင်စုဝန်ကြီး ကလည်းကောင်း၊    ဒုတိယဆု၊ တတိယဆုနှင့်  အခြားဆုများကို ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း  ဆုများ        ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။         

သတင်းစဉ်