
နေပြည်တော် ဩဂုတ် ၂၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့ညနေပိုင်းက ပဲခူး တိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူ စက်ရုံ(ရေနီ) သို့ ရောက်ရှိရာ တစ်နေ့တန် ၂၀ ထုတ်လုပ်နိုင် သည့် ထုပ်ပိုးစက္ကူစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးအတွက် စက် ပစ္စည်းကိရိယာများ စစ်ဆေး ပြုပြင်နေမှု၊ စစ်ဆေးပြုပြင်ပြီး စက်ကိရိယာများ စမ်းသပ် လည်ပတ်မောင်းနှင်နေမှု၊ အလို အလျောက် ထိန်းချုပ်မောင်းနှင် သည့်စနစ်များ စစ်ဆေးပြုပြင် နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ကုန်ကြမ်းပစ္စည်းများ အား စနစ်တကျသန့်စင်ပြီးမှသာ သုံးစွဲရန်၊ ကုန်ကြမ်းသန့်စင်မှု မရှိလျှင် ထုတ်လုပ်မှုနည်းစဉ် တစ်လျှောက်တွင်လည်း ချွတ်ယွင်း မှုများဖြစ်ပေါ်လာနိုင်ပြီး ကုန်ချော များ၏ အရည်အသွေးကိုလည်း ထိခိုက်နိုင်မည်ဖြစ်သဖြင့် စနစ် တကျစစ်ဆေးပြီးမှသာ အသုံးပြု ရန်၊ စက်ပစ္စည်းစစ်ဆေးပြုပြင် ခြင်းလုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တိတိ ကျကျ လိုက်နာဆောင်ရွက်ရန်၊ စက်ပစ္စည်းများကို ရေရှည်အသုံး ပြုနိုင်အောင် စနစ်တကျဆောင် ရွက်ရန်၊ စက်ရုံလည်ပတ်၍ ကုန် ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် လိုအပ်သောစက် ပစ္စည်းကိရိယာများကို အမြန်ဆုံး ဝယ်ယူဖြည့်တင်းရန်၊ စက်ပစ္စည်း ကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများပြီးစီး၍ စဉ်ဆက် မပြတ်လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သောကုန်ကြမ်း ပစ္စည်းများနှင့် စက်အရန်ပစ္စည်း များကို ပြည့်စုံစွာဖြည့်တင်းထား ရန်၊ စစ်ဆေးပြုပြင်ပြီးစီးသည့် စက်ပစ္စည်း ကိရိယာများအား သံချေးတက်ခြင်း၊ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆေးများ ပြန်လည်သုတ်ထားရန်၊ ထုတ်လုပ် မှုနည်းစဉ်တစ်လျှောက် သန့်ရှင်း သာယာလှပရေးဆောင်ရွက်ထား ရန်၊ ကုန်ထုတ်လုပ်မှုနည်းစဉ်များ နှင့်ပတ်သက်၍ မွမ်းမံသင်တန်း များဖွင့်လှစ်နိုင်ရေး စီမံဆောင် ရွက်ရန်၊ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ နှင့်ပတ်သက်၍ လုပ်ငန်းခွင်မပြတ် ဆင့်ပွားသင်တန်းများ ပြုလုပ်ပေး ရန်၊ ဝန်ထမ်းများအနေဖြင့် ပေးအပ် သည့် လုပ်ငန်းတာဝန်များကို ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်