စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်  ဩဂုတ်   ၂၄
စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ စိတ်လက် ပျော်ရွှင်ချမ်းမြေ့စေရန်၊ ကုသိုလ်ပွားများ နိုင်စေရန်၊ စိတ်ခွန်အားဖြစ်စေရန်၊ မြန်မာ အင်ဂျင်နီယာများ၏      စွမ်းပကားများ ကို     ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး       ဒေါက်တာ ချာလီသန်း၊ ဝန်ထမ်းများနှင့်  ဝန်ထမ်း မိသားစုများသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ   (နေပြည်တော်) ဒက္ခိဏသီရိမြို့နယ်၌   မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ကမ္ဘာကို ပြသရန်၊  မြန်မာနိုင်ငံသည်    ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေ ရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေ ရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ရည်ရွယ်၍ တည်ထားကိုးကွယ်ထား ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြ သည်။  (ယာပုံ)
ဦးစွာ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို မာရဝိဇယဂေါပကအဖွဲ့နှင့်   ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင် များက မာရဝိဇယဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား  လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက် နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့်   သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက် စွာကျင်းပနိုင်ခဲ့မှု     အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန်     အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု  ဗီဒီယိုမှတ်တမ်းကို ပြသ သည်။
ထို့ပြင်   ဘုရားဖူးလာရောက်သည့် စက်မှုဝန်ကြီးဌာန    ဝန်ထမ်းများနှင့် မိသားစုများက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ    တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကိုမေးမြန်းရာ   တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြား ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍  ဘုရားဖူးလာရောက် သည့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းများ နှင့်  မိသားစုများသည်   မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား    ညီညာစွာ စီတန်းပြီး ဗုဒ္ဓဂုဏ်တော်များကို ရွတ်ပွား လျက် ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ  ကပ်လှူပူဇော်ပြီး    ပဋ္ဌာန်း ဒေသနာတော်များကို   ရွတ်ဖတ်ပူ‌ဇော် သည်။ ထို့နောက် ဘုရားရင်ပြင်ပတ်လည် ၌    စကျင်ကျောက်များ    အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း   တည်ဆောက် ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ် ငယ်ပုံစံ ပြသထားမှု၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့ သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတု တော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော   ဆင်းတုတော် ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ် ကြီး တည်ထားပူဇော်မှုမှတ်တမ်းဓာတ်ပုံ များ၊ ဗိသုကာလက်ရာများဖြင့်  ခမ်းနား ထည်ဝါစွာတည်ထား   ပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့        ဗိမာန်တော် ကြီး၊   ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အအုံများကို ဖူးမျှော် လေ့လာကြည်ညိုခဲ့ကြကြောင်း    သိရ သည်။
သတင်းစဉ်