
နေပြည်တော် မေ ၃၁
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝါးတစ်ရာ စက်မှုဇုန်ရှိ Very Impressive Prospect Co., Ltd. အားကစားပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် သာဓု ကန်စက်မှုဇုန်ရှိ Myanmar Pou Chen Co., Ltd. ဖိနပ်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကုန်ထုတ်စွမ်းအားတိုးတက် ရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်နေမှုနှင့် အလုပ်သမား များ၏ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့် MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးခြင်း၊ အလုပ် သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံ အလုပ်သမားများကို သက်ဆိုင်ရာ အာမခံစနစ် အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအား တိုးတက်စေရန် အလုပ်ရှင်နှင့်အလုပ်သမား လုပ်ငန်း ခွင် ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် တည်ဆဲ အလုပ်သမားဥပဒေများကို လေးစားလိုက်နာရန်နှင့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားရန်နှင့် အေးချမ်းသာယာသော လုပ်ငန်းခွင် များဖြစ်အောင် ဖန်တီးဆောင်ရွက်ကြရန် မှာကြားပြီး ပြည်ထောင်စုဝန်ကြီးသည် Myanmar Pou Chen Co., Ltd. ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။ (ယာပုံ)
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး သို့ သွားရောက်၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အလုပ် ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည် ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီ သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာန တစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမား များ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန် သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင် ရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ ဝင်များနှင့်အတူ လှိုင်သာယာစက်မှုဇုန်ရှိ Sioen Myanmar Co., Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ထိခိုက်မှု များဖြစ်ပွားမှုမရှိစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စက်ရုံများ တွင် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်