စက်ရုံများတွင် ထုတ်လုပ်မှုဆိုင်းငံ့ခြင်းများ ပြုလုပ်သွားမည်ဟု တိုယိုတာကြေညာ

 

 

တိုကျို ဒီဇင်ဘာ ၁၄
ဂျပန်နိုင်ငံ၌ တိုယိုတာကုမ္ပဏီမှ ထုတ်လုပ်မှု များ ဆက်လက်ဆိုင်းငံ့သွားမည်ဟု ကြေညာခဲ့ သည်။ လတ်တလောဖြစ်ပွားနေသည့်   ကပ် ရောဂါကြောင့်    ကားအစိတ်အပိုင်းများ ထောက်ပံ့ပေးမှု ပြတ်လပ်နေသည့်အတွက် ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။ 
အိုက်ချီခရိုင်နှင့်    ဖူကူအိုကာခရိုင်တို့ရှိ စက်ရုံများတွင်   ထုတ်လုပ်မှုကို    တစ်စိတ် တစ်ပိုင်းအားဖြင့်  ဒီဇင်ဘာ  ၂၀   ရက်မှ စတင်ကာ   ဆိုင်းငံ့သွားမည်ဟု   ကြေညာခဲ့ သည်။ 
ဆိုင်းငံ့မှုများ လုပ်ဆောင်သွားမည်
ဇိမ်ခံကားများ  ထုတ်လုပ်သည့်  စက်ရုံ နှစ်ရုံမှာလည်း  အစိတ်အပိုင်းထုတ်လုပ်မှုများဆိုင်းငံ့ထားသည်။ အရှေ့တောင်အာရှနိုင်ငံ များမှာ  ကားအစိတ်အပိုင်းများ  ထောက်ပံ့ ပေးပို့မှု  ရပ်ဆိုင်းနေသည့်အတွက်  ယခုလို ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။    ယခုသီတင်းပတ် ဗုဒ္ဓဟူးနေ့မတိုင်မီအထိ     ဆိုင်းငံ့မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
လာမည့်သီတင်းပတ်အတွင်း ထုတ်လုပ်မှု ဆိုင်းငံ့ခြင်းကြောင့်    ကားစီးရေ     ၅၀၀၀ ခန့်ထုတ်လုပ်မှု   ရပ်နားထားရမည်ဖြစ်သည်။ တိုယိုတာကားကုမ္ပဏီသည်     ကပ်ရောဂါ မတိုင်မီက     အခြေအနေမျိုးရောက်အောင် ကြိုးစားလျက်ရှိသည်။      အင်န်အိတ်ချ်ကေ