စက်သုံးဆီအရောင်းဆိုင်များတွင် POS စနစ်နှင့် CCTV တပ်ဆင်အသုံးပြုမှုမှသည် Real-time Software စနစ် တပ်ဆင်အသုံးပြုနိုင်သည်အထိ တွန်းအားပေးဆောင်ရွက်

 

နေပြည်တော်   ဇွန်   ၁ 


စက်သုံးဆီ    တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ     ညှိနှိုင်း အစည်းအဝေးကို     ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်သုံးဆီ    တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း   (ရုံးချုပ်)    ၌ ကျင်းပသည်။  
အစည်းအဝေးတွင်    စက်သုံး ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး   ကော်မတီ ဥက္ကဋ္ဌ      စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဦးသန့်စင်က စက်သုံးဆီ     တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း  ဆောင်ရွက် နေကြသည့် ကုမ္ပဏီ/ လုပ်ငန်းရှင် များအနေဖြင့် ပြည်ပမှ စက်သုံးဆီ များတင်သွင်းခြင်းနှင့်   Terminal များအလိုက် ဆီတင်/ချ  လုပ်ငန်း များ   ဆောင်ရွက်ရာတွင်     စည်း စနစ်ကျပြီး  ပိုမိုလွယ်ကူလျင်မြန် သည့်  ကောင်းမွန်သော   လုပ်ထုံး လုပ်နည်း/လုပ်ငန်းစဉ်များ ဖြစ်ထွန်း လာစေရေးအတွက်         လည်း ကောင်း၊  မြန်မာနိုင်ငံတစ်ဝန်းသို့ စက်သုံးဆီများ  ဖြန့်ဖြူးရောင်းချ ရာတွင်     အချိန်နှင့်တစ်ပြေးညီ သယ်ယူ      ပို့ဆောင်ပေးနိုင်ရေး အတွက်လည်းကောင်း    လက်ရှိ ကျင့်သုံးနေသည့် SOP (Standard Operating   Procedure)     များ အပေါ်    ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့်  လိုအပ် နေသေးသည့်   SOP     အသစ်များ ရေးဆွဲခြင်းတို့ကို    သက်ဆိုင်ရာ ဌာနများနှင့် ကုမ္ပဏီအသင်းအဖွဲ့ များအကြား  ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်      သွားကြ ရန်လိုအပ်ကြောင်း။
ကုမ္ပဏီများအလိုက် စက်သုံး ဆီ တင်သွင်းဖြန့်ဖြူးမှုစာရင်းအင်း အချက်အလက်များကို  တိကျစွာ ပြုစုထားရှိကြရန်၊ ပြည်သူလူထုသို့ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီသော     စက်သုံးဆီများ ဖြန့်ဖြူး     ရောင်းချပေးနိုင်ရေးနှင့် ကောင်းမွန်သော     ဝန်ဆောင်မှု များပေးနိုင်ရေး    တာဝန်ရှိသူအဆင့် ဆင့်မှ     ကြပ်မတ်ဆောင်ရွက်ကြ ရန်၊        စက်သုံးဆီအရောင်းဆိုင် များတွင်    POS    စနစ်နှင့်    CCTV တပ်ဆင်အသုံးပြုမှုမှသည် Real-time Software  စနစ် တပ်ဆင် အသုံးပြုနိုင်သည်အထိ  တွန်းအား ပေးဆောင်ရွက်ကြရန်၊  သိုလှောင် စခန်း၊ ဆိပ်ကမ်းနှင့် အရောင်းဆိုင် များ၏ လုံခြုံရေးကို  အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့်     မိုးရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းခွင်ရှိ  သစ်ပင်၊  သစ်ကိုင်း များ စနစ်တကျရှင်းလင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊  ရေကြီး ရေလျှံခြင်းများအတွက်    သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ် ရေး    အစီအမံများကို    ကြိုတင် ပြင်ဆင်ထားရှိရန်      မှာကြားပြီး  အစည်းအဝေး    တက်ရောက် လာသူများ၏     တင်ပြချက်များ အပေါ်   ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း      သတင်းရရှိ သည်။                      

သတင်းစဉ်