စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် Mobile Fuel Lab ယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၁၁
စွမ်းအင်ဝန်ကြီးဌာန   ရေနံထွက် ပစ္စည်း   ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနသည်    ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှု   ကွင်းဆက်အတွင်း အများပြည်သူအနေဖြင့် စက်သုံး ဆီများ ဝယ်ယူသုံးစွဲရာတွင် အရည် အသွေးစံချိန်စံညွှန်းကိုက်ညီမှုနှင့်    အခြင်အတွယ်  ပြည့်မီမှန်ကန်မှု ရှိစေရေးအတွက် ဌာနပိုင် Mobile Fuel Lab ယာဉ်များဖြင့်  စက်သုံးဆီ အရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်၍ အရည်အသွေးနှင့် အခြင်အတွယ်  စစ်ဆေးခြင်းများ ကို ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးနှင့်   ပြည်နယ် များရှိ   စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၂၆၁ ဆိုင်ကို  Mobile Fuel Lab ယာဉ်များဖြင့်   အရည် အသွေးနှင့် အခြင်အတွယ်စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ထို့အတူ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင်    အရည်အသွေးနှင့် အခြင်အတွယ်  စစ်ဆေးခြင်းကို ပြည်ထောင်စုနယ်မြေ   နေပြည် တော်၊  ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး    တိုင်းဒေသကြီးတို့ရှိ စက်သုံးဆီအရောင်းဆိုင် ၃၆၀ နှင့် အခြင်အတွယ်   စစ်‌ဆေးခြင်းကို အခြား   တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ      စက်သုံးဆီ အရောင်းဆိုင် ၆၀၀  စုစုပေါင်း အရောင်းဆိုင် ၉၆၀ ကို    စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်  ဧပြီ၊  မေနှင့် ဇွန်လအထိ အရောင်းဆိုင် စုစုပေါင်း ၃၄၅ ဆိုင် ကို အရည်အသွေးနှင့်အခြင်အတွယ် စစ်ဆေးခြင်းများကို   ဆောင်ရွက် နိုင်ခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန    ရေနံ ထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနသည်      ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှု ကွင်းဆက်အတွင်း      တာဝန်ယူမှု၊   တာဝန်ခံမှုရှိသော ရေနံထွက်ပစ္စည်း     ဖြည့်ဆည်းမှု ကွင်းဆက်ဖြစ်ပေါ်လာစေရေးနှင့် အများပြည်သူများ အရည်အသွေး စံချိန်စံညွှန်းနှင့် အခြင်အတွယ် ပြည့်မီသောစက်သုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်   ပြည်နယ်များ ရှိ စက်သုံးဆီ အရောင်းဆိုင်များ တွင် အရည်အသွေးနှင့်   အခြင် အတွယ်စစ်ဆေးခြင်းတို့ကို  ပိုမို ထိရောက်စွာ     ထိန်းကျောင်း ကြပ်မတ်စစ်ဆေး   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သတင်းရရှိ သည်။
သတင်းစဉ်