
စလင်း ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်း ၃၄ ကျောင်း ယာယီပိတ်ထားခဲ့ရာမှ အခြေခံပညာ ကျောင်း ခြောက်ကျောင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ သည်။
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါး တစ်လျှောက် မြေနိမ့်ပိုင်းကျေးရွာများမှ အခြေခံ ပညာကျောင်းပေါင်း ၃၄ ကျောင်းကို ယာယီပိတ်ထား ခဲ့ရာ ယခုအခါ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသွား သဖြင့် အခြေခံပညာကျောင်းများဖြစ်သည့် မူလွန် မဲရွာကျွန်း၊ အမက(မြောက်ကြူဝန်း)၊ အမကမြောက် မှရိုးကုန်း၊ အမကစစ်ကုန်း၊ အမကစမ်းတွင်းတို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်သည့် ရွှံ့နွံများ၊ အမှိုက်သရိုက်များကို ဆေးကြော ရှင်းလင်းပြီးနောက် ဇူလိုင် ၃၀ ရက်တွင် ကျောင်း သင်ခန်းစာများကို ဆက်လက်သင်ကြားပေးလျက် ရှိသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် အခြေခံ ပညာ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် နုန်းနှင့် အမှိုက်သရိုက်များကို ရှင်းလင်းလျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်လွင်(စလင်း)