စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၄၈ ဦး ထပ်မံတွေ့ရှိ

စင်ကာပူ အောက်တိုဘာ ၁၇ 


စင်ကာပူနိုင်ငံ၌  လွန်ခဲ့သော ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၄၈ ဦး  ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါရောဂါ ကြောင့်   ကိုးဦးထပ်မံသေဆုံးခဲ့ ကြောင်း သိရသည်။ 


အဆိုပါ    သေဆုံးသူများသည် အသက် ၆၀ မှ ၈၉ နှစ်အရွယ်ကြား ရှိ အမျိုးသားလေးဦးနှင့် အမျိုးသမီး ငါးဦးတို့ဖြစ်သည်။ ယင်းတို့အနက် ငါးဦးမှာ   ကာကွယ်ဆေးထိုးနှံမှု ခံယူထားခြင်း   မရှိကြောင်းနှင့် နှစ်ဦးမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူထားပြီး ကျန်နှစ်ဦးမှာ ကာကွယ်ဆေးနှစ်ကြိမ်  ထိုးနှံမှု ခံယူထားကြောင်း သိရသည်။


၎င်းတို့အားလုံးအနက်    ရှစ်ဦး သည်    နာတာရှည်ရောဂါခံစား နေသူများဖြစ်ကြောင်း   စင်ကာပူ ကျန်းမာရေး       ဝန်ကြီးဌာနက ဆိုသည်။ 
သေဆုံးသူ ၂၂၄ ဦးရှိလက်ရှိအချိန်အထိ   ရောဂါ ကူးစက်ခံရသူ   အရေအတွက် ၁၄၅၁၂၀ ရှိပြီး     အဆိုပါရောဂါ ကြောင့် သေဆုံးသူ ၂၂၄ ဦးရှိသည်။ 


ရောဂါ   ထပ်မံကူးစက်ခံရသူ အားလုံးသည် ပြည်တွင်းကူးစက် ခံရသူများဖြစ်သည်။


ကိုးကား- စီအင်န်အေ
ဘာသာပြန်- အောင်ကျော်ကျော် 
n