စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်သွားမည့် မဟာဗျူဟာတစ်ရပ် အကောင်အထည်ဖော်ဆောင်မည်

စင်ကာပူ  အောက်တိုဘာ  ၁၀ 


စင်ကာပူနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်အတူ  ယှဉ်တွဲနေထိုင် သွားမည့်  မဟာဗျူဟာတစ်ရပ် နှင့်ပတ်သက်ပြီး      စင်ကာပူ ဝန်ကြီးချုပ်       လီရှန်လွန်းက ယမန်နေ့       ရုပ်သံလိုင်းအစီ အစဉ်မှတစ်ဆင့်       ပြောကြား သည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေအပါအဝင်ရောဂါနှင့်အတူ    ယှဉ်တွဲနေထိုင် သွားမည့်     လုပ်ငန်းစဉ်များကို ၎င်း၏မိန့်ခွန်းထဲတွင် လီရှန်လွန်း က ထည့်သွင်းပြောကြားသည်။ 


အောက်တိုဘာ    ၉ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ     ၃၅၉၀ ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။ 
ပြည်တွင်း၌   ရောဂါကူးစက် ခံရသူ ၉၈ ရာခိုင်နှုန်းကျော်သည် ရောဂါလက္ခဏာပြင်းထန်မှု   မရှိ ကြောင်းနှင့် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ဆေးများ ထိုးနှံမှု ခံယူထားသည့်အတွက်     ရောဂါ ပြင်းထန်မှုနှင့် သေဆုံးမှုများကို ရင်ဆိုင်ရမည်    မဟုတ်ကြောင်း လီရှန်လွန်းက ဆိုသည်။ 


နိုင်ငံအတွင်း      ကိုဗစ်-၁၉ ရောဂါနှင့်အတူ  ယှဉ်တွဲနေထိုင် သွားမည့် မဟာဗျူဟာတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး     ကျန်းမာရေး ဆိုင်ရာ စည်းမျဉ်းများဖြစ်သည့် ခရီးသွားလာမှု    ကန့်သတ်ခြင်း အပါအဝင် စီးပွားရေးနှင့်  လူမှု ရေးဆိုင်ရာ  ကန့်သတ်ပိတ်ပင်မှု များကို    ထပ်မံလုပ်ဆောင်မည် မဟုတ်ကြောင်း လီရှန်လွန်းက ပြောသည်။ 


လက်ရှိတွင် စင်ကာပူနိုင်ငံ၏ လူဦးရေ   ၈၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်   ထိုးနှံမှု ခံယူပြီးဖြစ်သည်။ 
သို့သော်     ပြီးခဲ့သည့်ရက် အနည်းငယ်အတွင်း        နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် များ    အနည်းငယ်မြင့်တက်လာ ကြောင်း သိရသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အောင်ကျော်ကျော်