
စင်ကာပူ စက်တင်ဘာ ၂၈
စင်ကာပူနိုင်ငံသည် စက်တင်ဘာ ၂၇ ရက်က ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကို ပြန်လည်အသက်သွင်းခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်လာခြင်းကို တားဆီးတုံ့ပြန်လိုက်သည်။
ကူးစက်မြန်ပြင်းထန် ဒယ်လ်တာဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ် သစ်ကြောင့် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်း အမြင့်ဆုံး ၈၂ ရာခိုင်နှုန်းရှိသည့် စင်ကာပူနိုင်ငံတွင် တနင်္ဂနွေနေ့က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ၁၉၃၉ ဦး စံချိန်တင်ကူးစက်ဖြစ်ပွား ခဲ့သည်။
ကာကွယ်ဆေး၏အစွမ်းထက်ထိရောက်မှုကြောင့် လွန်ခဲ့သော ၂၈ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၈ ရာခိုင်နှုန်း၏ ကူးစက် ခံထားရသော ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါလက္ခဏာမပြ သို့မဟုတ် မပြင်းထန်ကြောင်း အစိုးရက ပြောခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုတွင် ဒဏ်ပိမှုကို ကာကွယ်ရန် နှစ်ဦး ထက်ပိုသည့် လူစုလူဝေးများကို ကန့်သတ်ထားကြောင်းနှင့် ကုမ္ပဏီ ဝန်ထမ်းများအနေဖြင့် စက်တင်ဘာ ၂၇ ရက်မှစပြီး အဝေးမှအလုပ်လုပ် ရာတွင် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်း အရာရှိများက ပြောသည်။
ထိုင်းနိုင်ငံတွင်လည်း နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ၁၀၀၀၀ ကျော်ရှိကြောင်း ဖော်ပြသည်။ နိုင်ငံတစ်ဝန်းပြဋ္ဌာန်းထားသော ကိုဗစ်-၁၉ အရေးပေါ်အခြေအနေကို နိုဝင်ဘာလကုန်အထိ သက်တမ်းတိုးလိုက်ကြောင်း စက်တင်ဘာ ၂၇ ရက်က အစိုးရကြေညာ လိုက်သည်။
ထို့အတူ ညမထွက်ရအမိန့်ကိုလည်း မြို့တော်ဘန်ကောက် နှင့် တချို့ဒေသများတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ် ထားကြောင်း သိရသည်။
ထိုင်းလူဦးရေ၏ ၂၆ ရာခိုင်နှုန်းမှာ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးပြီဖြစ်သည်။ အစိုးရသည် ကာကွယ်ဆေး ဖြန့်ဝေမှုများကို အရှိန်မြှင့်ဆောင်ရွက်နေသလို ကိုဗစ်-၁၉ အခြေ အနေကိုလည်း သတိထားစောင့်ကြည့်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ