
စင်ကာပူ အောက်တိုဘာ ၂၆
စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်က ကိုဗစ်-၁၉ ကူးစက်သူ ၃၁၇၄ ဦးရှိကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက် သူပေါင်း ၁၇၅၈၁၈ ဦးအထိ ရှိလာ ခဲ့သည်။
ထပ်မံကူးစက်သူများ အနက် ၂၈၄၃ ဦးမှာ အစုလိုက်ကူးစက်မှုဖြစ် ပြီး ၃၂၂ ဦးမှာ ရွှေ့ပြောင်းလုပ်သား များနေထိုင်ရာ အဆောင်များ၌ ကူးစက်မှုဖြစ်ကာ ကိုးဦးမှာ ပြည်ပ ကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန (အမ်အိုအိတ်ချ်)က ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။
လက်ရှိကိုဗစ်-၁၉ ကူးစက်နေသူ ၁၇၇၉ ဦးမှာ ဆေးရုံတွင်ရှိပြီး ၂၆၁ ဦးမှာ အထွေထွေလူနာများအခန်းတွင် အောက်ဆီဂျင် အထောက်အကူ လိုအပ်လျက်ရှိကြောင်း၊ ၁၀၇ ဦးမှာ အခြေအနေ မတည်ငြိမ်ကြောင်း သိရပြီး အထူးကြပ်မတ်ကုသဆောင် တွင် အနီးကပ်စောင့်ကြည့်ကုသ လျက်ရှိသည်။ ၆၄ ဦးမှာ အရေးပေါ် ကုသမှုအခြေအနေရှိပြီး အထူး ကြပ်မတ်ကုသဆောင်တွင် အသက်ရှူ ပိုက်သွင်းထားရကြောင်း သိရသည်။
ဆင်ဟွာ