စည်းလုံးညီညွတ်ခြင်းမှစ၍ ဖွံ့ဖြိုးတိုးတက်ခြင်းဆီသို့

 

ဖွံ့ဖြိုးတိုးတက်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနှင့် စည်းလုံးညီ ညွတ်ခြင်းတို့က တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ မစည်းလုံး မညီညွတ်ပါက တည်ငြိမ်အေးချမ်းခြင်းကို မရရှိနိုင်။ တည်ငြိမ် အေးချမ်းခြင်းမရှိပါက   ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက်၍ မရနိုင်သည့်အတွက် မဖွံ့ဖြိုး မတိုးတက်နိုင်။ ရှေးကတည်းက ရာစုနှစ်ပေါင်းများစွာ    အတူတကွနေထိုင်လာခဲ့ကြသည့် ပြည်ထောင်စုကြီးအတွင်းမှ တိုင်းရင်းသားလူမျိုးများအကြား သံသယများ၊    သွေးခွဲမှုများကို    မိုင်ပေါင်းထောင်နှင့်ချီ၍  ဝေးကွာသည့်အရပ်မှ လာရောက်ကျူးကျော်နယ်ချဲ့ခဲ့ကြသူ များက ကောက်ကျစ်စဉ်းလဲစွာ ဖန်တီးခဲ့ခြင်းမှ အစပြုကာ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ရရှိအောင် ဆယ်စုနှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ၊ မဆုတ် မနစ် ကြိုးပမ်းတည်ဆောက်နေကြရဆဲဖြစ်သည်။

 


“နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသား များအားလုံးနှင့်သက်ဆိုင်ပြီး အလွန်အရေးကြီးသည့် ကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ငန်း များကို တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသား လူမျိုးများအကြား၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး   တည်ငြိမ်အေးချမ်းမှု၊   တရားဥပဒေစိုးမိုးမှု တွေလည်း တိုးတက်လာမှာပဲဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို    ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊”   နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်  ဖော်ရေးဗဟိုကော်မတီ       လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) တွင်      အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

 


စင်စစ်အားဖြင့် နယ်စပ်ဒေသများဆိုသည်မှာ နိုင်ငံတော် ကြီး၏ တစ်ဆက်တစ်စပ်တည်းသော အစိတ်အပိုင်းများပင် ဖြစ်ရာ   နိုင်ငံဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ   နယ်စပ်ဒေသ များလည်း ရေမြင့်လျှင်ကြာတင့်သည့်နှယ် ဖွံ့ဖြိုးတိုးတက် ရမည်ဖြစ်သည်။ နယ်စပ်ဒေသနေ တိုင်းရင်းသားလူမျိုးများမှာ ဆက်စပ်နေသည့် တစ်ဖက်နိုင်ငံများတွင်လည်း ရှိနေကြပြီး ၎င်းတို့နေထိုင်ရာ    နိုင်ငံများ၏   ဖွံ့ဖြိုးတိုးတက်မှုကိုလိုက်၍   ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိနိုင်ကြသည်ကို တွေ့ရှိနိုင်သည်။ အိမ်နီးချင်းနိုင်ငံအများစုမှာ  နိုင်ငံအတွင်းနှင့်တကွ  နယ်စပ် ဒေသများအထိ   တည်ငြိမ်အေးချမ်းမှုနှင့်  တရားဥပဒေစိုးမိုး မှုတို့ကို ရရှိထားကြခြင်းကြောင့် နယ်စွန်နယ်ဖျားများအထိ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးထားနိုင်ကြရာ နယ်စပ် ဒေသနေ ၎င်းတို့၏တိုင်းရင်းသားများမှာလည်း ဖွံ့ဖြိုးတိုးတက် မှုကို ခံစားနိုင်ကြသည်။

 


“မိမိတို့တိုင်းပြည်သည်      နယ်စပ်ဒေသအပါအဝင် ပြည်နယ်နှင့်တိုင်း အစွန်အဖျားများ၌ အကြောင်းအမျိုးမျိုး ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည်ကို   စိတ်မကောင်းဖွယ် တွေ့မြင်ရကြောင်း၊ အာဆီယံတွင်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့်နိုင်ငံ လေးနိုင်ငံတွင် ပါဝင်နေကြောင်း၊ အဓိက အားဖြင့် တည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက် မှုများနည်းပါးသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုနှုန်းမှာ မြင့်မားနေသည်ကို ဆန်းစစ်ချက်များအရ တွေ့ရကြောင်း၊ အဆိုပါအချက်များကြောင့် မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆောင်ရွက်ရန်လိုနေသေး ကြောင်း” ဖြင့်လည်း နိုင်ငံတော်အကြီးအကဲက  ပြောကြား ခဲ့ရာ နိုင်ငံတော်၏ လက်ရှိပကတိအခြေအနေများပင်ဖြစ်ပြီး  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ တစ်စိတ်တစ်ဝမ်း တည်း၊ တစ်စည်းတစ်လုံးတည်းသော အင်အားစွမ်းပကားဖြင့် မဖြစ်မနေ တည်ဆောက်သွားကြရပါမည်အကြောင်း။      ။