
စဉ့်ကိုင် သြဂုတ် ၆
မန္တလေးတိုင်းဒေသကြီး သမ ဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် အဖွဲ့သည် ကျောက်ဆည်ခရိုင် စဉ့်ကိုင် မြို့နယ် အုန်းပင်ခြံကျေးရွာရှိ သမဝါယမအသင်းစုပိုင် ပုလဲ အမှတ်(၈)ဆန်စက်ဝင်းအတွင်း၌ သြဂုတ် ၆ ရက် နံနက်ပိုင်းက အဆင့်မြင့်တန် ၂၀ ပုံပြောင်း ဆန်စက် လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါတန် ၂၀ ပုံပြောင်း ဆန်စက် လည်ပတ်နေမှုအား သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူးနှင့်အဖွဲ့သည် ဆန်စပါး ဝယ်ယူကြိတ်ခွဲခြင်းလုပ်ငန်းများ၊ စပါးသိုလှောင်ထားရှိမှု အခြေ အနေများ၊ ထွက်ရှိမှုအခြေအနေ များ၊ ဂိုဒေါင်အတွင်းစပါးများ ဝယ်ယူသိုလှောင် ထိန်းသိမ်းမှု အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ မှာကြားသည်။
အဆင့်မြင့်တန် ၂၀ ပုံပြောင်း ဆန်စက်မှတစ်နာရီလျှင် ဆန်အိတ် ပိုင်း ၁၈ပိုင်း၊ ၂၄ နာရီလည်ပတ် ပါက ဆန်အိတ်ပေါင်း ၃၇၀ ပိုင်း ကြိတ်ခွဲနိုင်ပြီး ဆန်အိတ်တစ်ပိုင်း ကြိတ်ခွဲမှုနှုန်းထားခမှာ ငွေကျပ် ၁၀၀၀ ပေးဆောင်ရပြီး ထိုင်းနှံ ကောက်ဆန်တစ်ပိုင်းလျှင် ငွေကျပ် ၆၅၀၀၀ နှုန်း၊ ပွိုင့်ဖွဲတစ်ပိုင်းလျှင် ၁၂၀၀၀ နှုန်း၊ ရိုးရိုးဖွဲတစ်ပိုင်းလျှင် ငွေကျပ် ၁၃၀၀၀ နှုန်းထားများဖြင့် လည်ပတ် ရောင်းချပေးလျက်ရှိ ကြောင်း စဉ့်ကိုင်မြို့နယ် သမ ဝါယမအသင်းစု အတွင်းရေးမှူး ဦးညီညီဇော်ထံက သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)