စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဇွန်  ၁၁
မန္တလေးတိုင်းဒေသကြီး   စဉ့်ကူး မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်   လုံခြုံ ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမား များက     ယနေ့နံနက်ပိုင်းတွင်   တိုက်ပွဲများ         ဖြစ်ပွားခဲ့သည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က     လက်နက်ကြီးများဖြင့်  ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု  ကြောင့်           ထုံးကြီးကျေးရွာမှ  ပြည်သူတစ်ဦး       သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာများ   ရရှိခဲ့ ကြောင်း   သတင်းတု၊    သတင်း အမှားများကို           တရားမဝင် ပြည်ဖျက်မီဒီယာများက  မဟုတ် မမှန်ရေးသားဖြန့်ဝေလျက်ရှိသည် တွေ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍    မှန်ကန်မှု     မရှိကြောင်း၊ စဉ့်ကူးမြို့နယ်အတွင်း လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော် လည်း    ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများ      ဖြစ်ပွားမှုနှင့် လက်နက်ကြီး             ပစ်ခတ်မှုများ  မရှိကြောင်း        ဒေသခံပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များက          နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်   လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ လူထုမှ ထင်ယောင်ထင်မှားဖြစ်စေ ရန်နှင့်    ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပွားစေရန်အတွက်     လုံခြုံရေး တပ်ဖွဲ့ဝင်များ   ရောက်ရှိသည့် နေရာနှင့်   အနီးဝန်းကျင်နေရာ များ၌            လုပ်ကြံသတင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ        လှုံ့ဆော် ရေးသား     ဝါဒဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း     သတင်းရရှိ သည်။
သတင်းစဉ်