Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ အလှူငွေ ပေးအပ်လှူဒါန်း


 

နေပြည်တော် နိုဝင်ဘာ ၂၀


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်းချုပ်မှ အလှူငွေ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်း ချုပ်၏ဥက္ကဋ္ဌ ဦးအိုက်ထွန်းက မြန်မာ နိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူ များကိုယ်တိုင် ပါဝင်ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည် ကို မိမိတို့သိရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် တတ်အားသရွေ့ ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ မိမိတို့မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် ဌာနဆိုင်ရာအသီးသီးက လုပ်ငန်း များ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ငွေကြေးအားဖြင့် သော်လည်းကောင်း၊ လုပ်အားဖြင့် သော်လည်းကောင်း ပါဝင်ပံ့ပိုး ဆောင်ရွက်နေကြသည်ကို တွေ့မြင် နေရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် လက်တွေ့မြေပြင်တွင် လူနာ များအား ကိုင်တွယ်ကုသမှုပေးနေ သည့် ကျန်းမာရေးဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါကို အများဆုံး ထိခိုက်ခံစား နေရပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကြောင့် ကြုံတွေ့ရသော အကျပ်အတည်းများ ကို ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်သူ များမှ ဆက်လက်ဝိုင်းဝန်းကူညီကြ ပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
များစွာအကျိုးရှိ
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်းမှုများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် များစွာအကျိုး ရှိမည်ဖြစ်ပြီး လူနာများ၏ အသက်ကို ကယ်တင်ကုသရာတွင် အသုံးပြုနိုင် မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ အား ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင် မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှု ရေးလုပ်ငန်းများကို ပုံမှန်အနေအထား အတိုင်း အမြန်ဆုံးပြန်လည်လုပ်ကိုင် လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူ လူထုအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ရေး စည်းကမ်းများကို ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အထူး အရေးကြီးပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ် ရေးနည်းလမ်းများအား လက်ဆင့် ကမ်း ဝေမျှခြင်းနှင့် လိုက်နာဆောင် ရွက်ကြစေရန်နှင့် အချင်းချင်း တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ် စေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ပါးစပ်နှင့်နှာခေါင်း စည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိရာတွင် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ပြောကြားသည်။
လွှဲပြောင်းပေးအပ်
ဆက်လက်၍ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီသို့ ငွေကျပ်သိန်း ၅၀၀၀ နှင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဆေးရုံများ အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ် သိန်း ၂၀၀၀ ကို မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်းချုပ်၏ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ် သည်။ သတင်းစဉ်