
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း
==================================================================
နေပြည်တော် နိုဝင်ဘာ ၁၁
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပ ရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံ သည်။
လစာများမှ လှူဒါန်း
ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လှူဒါန်းရသည့်အကြောင်း ရှင်းလင်းပြောကြားရာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်စေရေးအတွက် အွန်လိုင်းစနစ်ဖြင့် လျှောက်ထား တင်သွင်းနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပမှ လှူဒါန်းပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများအား တတ်အားသရွေ့ ပါဝင်ကူညီသည့်အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ ၏ လစာငွေများမှ လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် group တို့က လှူဒါန်းဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ကုသရေးဌာန၊ မရမ်းကုန်း (အင်းယားစင်တာ)၏ ဦးစီးကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည့် ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းက အင်းယားစင်တာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ လမ်းညွှန်မှုများနှင့်အညီ ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း ၁၀၀၀၀ နှင့် ရွှေသံလွင်ကုမ္ပဏီက ငွေကျပ် သိန်း ၃၀၀၀ စုစုပေါင်း ငွေကျပ် သိန်း တစ်သောင်းသုံးထောင် ကနဦး မတည်လှူဒါန်း၍ Yangon Convention Center တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှ စတင်ဖွင့်လှစ်ကာ ကိုဗစ်အတည်ပြုလူနာများကို ပြုစု စောင့်ရှောက်ပေးနေခြင်းဖြစ်ပါကြောင်း။
Inya Centre Molecular Laboratory (COVID-19) ကို အင်းယားစင်တာမှ မတည်ရင်းနှီးငွေကျပ် သိန်းပေါင်း ၅၃၀၀ ကျော်ဖြင့် အင်းယားစင်တာပရဝဏ်အတွင်း ဆောင်ရွက်ထားပြီး ယခုလှူဒါန်းသည့် WHO နှင့် အမေရိကန် နိုင်ငံ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားသော Boimeme RT-PCR ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ် မှုဖြင့် ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးပေးသွားမည်ဖြစ်ပါ ကြောင်း၊ ကမ္ဘောဇဘဏ်သည် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၈၄၀၀၄ သိန်း လှူဒါန်းထားရှိပါကြောင်း၊ ကမ္ဘောဇ ဘဏ်၊ ရွှေသံလွင်ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများသည် ဆက်လက်၍လည်း နိုင်ငံတော်နှင့်ပြည်သူအတွက် လှူဒါန်း သွားရန် စီစဉ်ထားရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါပိုးစစ်ဆေးမှုအခန်း ကဏ္ဍသည် အထူးအရေးကြီးသည့်အတွက် ယခုကဲ့သို့ လှူဒါန်းမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (အင်းယားစင်တာ)ကို တည်ဆောက်နိုင်ခဲ့ သည့်အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ပြည်သူများ အား ကုသမှုပေးရာတွင် များစွာအထောက်အကူဖြစ်ခဲ့ပါ ကြောင်း၊ မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ပြည်သူများနှင့်အတူ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် လက်တွဲပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်လိုက်နာ
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်း တာဝန်ထမ်းဆောင်ကာ ကိုဗစ်-၁၉ ရောဂါ လူနာများအား ကျန်းမာရေးစောင့်ရှောက် မှုပေးအပ်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက် ရာတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ရရှိရန်မှာ အထူးအရေးကြီးပါကြောင်း၊ ထိုသို့ ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စ သဖွယ် အလေးထားကာ ဆောင်ရွက်ပေးခဲ့သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား ကျေးဇူးတင်ရှိ ပါကြောင်း၊ ယခုကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများက မိမိတို့၏ လစာများမှ လှူဒါန်း ခြင်းမှာ မွန်မြတ်သောအလှူဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြု လူနာဖော်ထုတ်မှုနှင့် ၎င်းလူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ် ဓာတ်ခွဲစစ်ဆေးခြင်းများသည် အရေးကြီးပါ ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင် ထိရောက်စေ မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမြော်အမြင်ရှိစွာဖြင့် ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) အပါအဝင် ကုသရေးဌာနများ တည်ဆောက်ရာတွင် ပံ့ပိုးပေးခဲ့မှုများကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှုလှိုင်းငယ်များရှိလာနိုင်ပြီး ကူးစက်မှုလှိုင်းများ မကြီးမားစေရန်နှင့် ၎င်းလှိုင်း များ တစ်ခုနှင့်တစ်ခုအကြား အချိန်ကွာခြားမှုကြာမြင့်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ စွမ်းရည် ထက်မြက်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပေါ်ပေါက် ပြီးနောက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံ ရန်မှာ ကာကွယ်ဆေးရရှိမှု ပမာဏအပေါ်မူတည်၍ အချိန် ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာ နိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက် သည့်ရောဂါဖြစ်ခြင်း စသည့်အချက်များကြောင့် ပြည်သူများ အနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်း များ၏ လှူဒါန်းငွေကျပ် သိန်း ၁၀၀ နှင့် Surgical Mask အခု တစ်သိန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် အင်းယားစင်တာမှ တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ Inya Centre Molecular Laboratory (COVID-19)ကို ပေးအပ်လှူဒါန်း ခဲ့ပြီး ဓာတ်ခွဲခန်းတွင် အသုံးပြုရန် ငွေကျပ် သိန်း ၅၁၅၀ ခန့်တန်ဖိုးရှိ RT- PRC စက် ၁၀ လုံးနှင့် PCR Test Kit ၁၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်