
၁။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (သို့မဟုတ်) ထိတွေ့ခဲ့သည်ဟု သံသယ ရှိသူများနှင့် COVID-19 ရောဂါ သံသယလက္ခဏာခံစားနေရသူများအနေဖြင့် ရှေးဦးစွာ မိမိတို့၏ သက်ဆိုင်ရာမြို့နယ်များရှိ ဒေသန္တရကျန်းမာရေးဌာန (သို့မဟုတ်) မြို့နယ်ဆေးရုံများသို့ သွားရောက်၍ သတင်းပေးပို့ရပါမည်။
၂။ ထို့နောက် မြို့နယ်ဒေသန္တရ (သို့မဟုတ်) ပြည်သူ့ဆေးရုံများ၊ ဓာတ်ခွဲစစ်ဆေးရေးစင်တာများ နှင့် ပုဂ္ဂလိကဓာတ်ခွဲစစ်ဆေးရေးဆေးခန်းများ၌ ဓာတ်ခွဲစစ်ဆေးမှုများအား ဆက်လက် ဆောင်ရွက်သွားပါမည်။
၃။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနေဖြင့် မိမိတို့၏ မြို့နယ်/ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးကော်မတီသို့ ပြန်လည်သတင်းပေးပို့ရမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ပြည်သူ့ ဆေးရုံများသို့ လူနာတက်ရောက်ကုသမှုခံယူနိုင်ရေး စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ၊ COVID-19 ရောဂါ ကုသရေးစင်တာများသို့ ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။
၄။ သို့ရာတွင် COVID-19 ရောဂါ ပြင်းထန်လက္ခဏာရှိသူများနှင့် အရေးပေါ်လူနာများအနေဖြင့် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးစင်တာများသို့ တိုက်ရိုက် သွားရောက်၍ ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။
၅။ ပြည်သူ့ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးစင်တာများအနေဖြင့် အရေးပေါ်လူနာ တက်ရောက်ကုသမှုအား ပြည်သူ့ဆေးရုံများသို့ လူနာတက်ရောက်ကုသမှုခံယူနိုင်ရေး စီမံခန့်ခွဲမှု ကော်မတီသို့ ဆက်လက်သတင်းပေးပို့သွားရမည် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန