COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်း

 
 
 
နေပြည်တော် မတ် ၂၅
 
 
Coronavirus Disease 2019 (COVID - 19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီသို့ မြန်မာ့ရိုးရာ သနပ်ဖက်လိပ်လုပ်ငန်းရှင်များအသင်းမှ လှူဒါန်း သည့် ငွေကျပ်သိန်း ၃၅၀ နှင့် မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀ တို့ကို ယနေ့ မွန်းလွဲပိုင်းက လာရောက် လှူဒါန်းရာ Coronavirus Disease 2019 (COVID - 19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအတွင်း ရေးမှူး (၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ လက်ခံသည်။
 
 
လာရောက်လှူဒါန်း
 
ရှေးဦးစွာ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ပြောကြားရာ တွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေ နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြ သည့် မိန့်ခွန်းကို နားထောင်ပြီးနောက် မိမိတို့ အနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် လိုအပ်သလို သုံးစွဲနိုင်ရန် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြား သည်။
 
 
လက်ခံရယူ
 
ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
 
 
သတင်းစဉ်