COVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် (၄-၁-၂၀၂၀ ရက်နေ့မှ ၁-၃-၂၀၂၀ ရက်နေ့ထိ)

 

(၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၁၅) နာရီ

 

၁။ ကမ္ဘာ့နိုင်ငံများ၏ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁-၃-၂၀၂၀) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၀၁:၃၀) နာရီအချိန်ထုတ်ပြန်ချက်) ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားနေသည့်နိုင်ငံစုစုပေါင်း - ၅၄ နိုင်ငံ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း - ၈၅,၄၀၃ ဦး ကမ္ဘာ့နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း - ၂,၉၂၄ ဦး • ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါကူးစက်ဖြစ်ပွားသော နိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံ ပြင်ပမှ ရောဂါကူးစက်မှု (Imported case) များသာမက နိုင်ငံတွင်း၌ပါ ရောဂါကူးစက်မှု (Local transmission) များရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ • တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပတွင် နိုင်ငံတွင်းကူးစက်မှုဖြစ်ပွားသော နိုင်ငံ(၁၇) နိုင်ငံမှာ - • သို့ဖြစ်ပါ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၈-၂-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက်တွင် COVID-19 ကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှု သုံးသပ်မှုအခြေအနေ (Risk Assessment) အား- - တရုတ်ပြည်သူ့သမ္မတနိုင်ငံ (China)၊ ဒေသတွင်းနိုင်ငံများ (Regional) နှင့် ကမ္ဘာ့နိုင်ငံများအားလုံး (Global) တွင် အလွန်မြင့်မားသည့်အဆင့် (Very High) အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။ ၂။ မြန်မာနိုင်ငံ၏ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ (၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်ထိ ၃။ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် (၃၁-၁-၂၀၂၀) ရက်နေ့မှ (၁-၃-၂၀၂၀) ရက်နေ့အထိ သံသယလူနာနှင့် စောင့်ကြည့်လူနာတွေ့ရှိရမှု အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၄) ဦး၊ ရှမ်းပြည်နယ်တွင် (၁၂) ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် (၈) ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် (၁၁) ဦး၊ စုစုပေါင်း (၄၅) ဦးတို့ ဖြစ်ပါသည်။ ၄။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID- 19 ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင်- (က) ဆင့်ပွားကူးစက်ပျံ့နှံ့မှုများအား ကာကွယ်နိုင်ရေးအတွက် လူနာနှင့်အနီးကပ် ထိတွေ့သူများ(အတူနေ မိသားစုများနှင့် ကျန်းမာရေးဝန်ထမ်းများစသည်)အား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဆေးရုံ၊ ဆေးခန်း များတွင် ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအား အစဉ်တစိုက် အားဖြည့် ဆောင်ရွက်ခြင်း၊ (ခ) သံသယလူနာနှင့် စောင့်ကြည့်လူနာများအား စောစီးစွာရှာဖွေဖော်ထုတ်ခြင်း၊ သီးခြားထားရှိ ကုသခြင်းနှင့် ထိရောက်ကောင်းမွန်သည့်ကုသမှုများပေးခြင်း၊ (ဂ) ကျန်းမာရေးဝန်ထမ်းများအား မှန်ကန်ထိရောက်သည့် ရောဂါကာကွယ်ရေးလုပ်ငန်းများအား တိကျစွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းလမ်းညွှန်ချက်များအား ဖြန့်ဝေခြင်းနှင့် ပြည်သူလူထုမှ လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များအား ဖြန့်ဝေခြင်း၊ (ဃ) ကမ္ဘာ့နိုင်ငံများအပါအဝင် မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားနေသော အခြေအနေများ၊ လုပ်ငန်းဆောင်ရွက် မှု အခြေအနေများအား နိုင်ငံပိုင်သတင်းစာမျက်နှာများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs. gov.mm) နှင့် လူမှုကွန်ရက်စာမျက်နှာများ (https://www.facebook.com/ MinistryOfHealthAndSportsMyanmar နှင့် https://www.facebook.com/ MyanmarCDC) တို့တွင် ဖော်ပြခြင်းနှင့် တစ်ပြိုင်တည်းမှာပင် ပြည်သူလူထုအကြား ပျံ့နှံ့လေ့ရှိသည့် သတင်းအမှားများအား သတင်းအမှန်များဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်း၊ (င) COVID – 19 ရောဂါကြောင့် ပြည်သူလူထု၏ လူမှုစီးပွားထိခိုက်မှုများ နည်းပါးစေရန် သက်ဆိုင်ရာ နှီးနွှယ်ဌာနများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ၅။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ရောဂါ ဖြစ်ပွားသူလူနာမတွေ့ရှိသေးသော်လည်း - - ရောဂါစတင်ဖြစ်ပွားသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် စင်ကာပူနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံနှင့် အီရန်နိုင်ငံတို့၌ အရှိန်အဟုန်ဖြင့် ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည်ကို သိရှိရပါသည်။ - အဆိုပါနိုင်ငံများမှ ခရီးသည်များသည် လေကြောင်းခရီးဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ အခြားနိုင်ငံများတွင် ရပ်နားဖြတ်သန်းပြီးသော်လည်းကောင်း မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သည့် အခြေအနေများစွာရှိနေပါသည်။ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အထူးအားဖြည့်၍ ဆောင်ရွက်လျက်ရှိပါသည်။ - အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ သံသယရောဂါလက္ခဏာရှိသူများ မဝင်ရောက်နိုင်စေရန် ထိန်းချုပ်ဆောင်ရွက် နေသကဲ့သို့ နိုင်ငံတကာခရီးသည်များ တည်းခိုနေထိုင်မည့် ဟိုတယ်၊ တည်းခိုခန်းနှင့် အိမ်များ၌ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်မှုမှာ အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါသည်။ - COVID-19 ရောဂါလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိသူ (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသ၊ နိုင်ငံများသို့ လတ်တလောသွားရောက်ခဲ့သော ခရီးသွားရာဇဝင်မရှိသူများတွင်လည်း ရောဂါကူးစက်ဖြစ်ပွားမှုဖြစ်စဉ် (နိုင်ငံတွင်း ရောဂါကူးစက်မှု - Local transmission) များအား နိုင်ငံအချို့တွင် တွေ့ရှိနေရပါသည်။ - လူစုလူဝေးများသောနေရာများတွင် COVID-19 ရောဂါဖြစ်ပွားသူ (သို့မဟုတ်) ရောဂါလက္ခဏာမပြသေးသော်လည်း ရောဂါရှိသူ (Asymptomatic carrier) တစ်ဦးထံမှ အခြားသူများထံသို့ ရောဂါကူးစက်ပြန့်ပွားနိုင်ပါသည်။ ၆။ မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက် တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများ အတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများနှင့် လူမှုရေးအဖွဲ့အစည်းများအနေဖြင့် - (က) ယခုကာလအတွင်း လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်ရှိရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြပါရန်၊ (ခ) အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန်နှင့် (ဂ) အကယ်၍ ထိုသို့ မလွှဲမရှောင်သာကျင်းပရပါက တက်ရောက်သည့်လူအရေအတွက် နည်းနိုင်သမျှနည်းပါး စေရန်နှင့် ဖျားနာသူများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ မလာရောက်စေရေး အစီ အမံများ တင်းကျပ်စွာပြုလုပ်ရမည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကိုလည်း တိကျစွာ စနစ်တကျလိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန