
ပရီမီယာလိဂ်လက်ကျန် ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်များတွင် ဘန်လေက စပါး၊ ဝက်ဖို့ဒ် က ပဲလေ့စ်၊ လီဗာပူးက လိဒ်စ်အသင်းတို့ နှင့် ဆုံတွေ့နေသည်။
ဘန်လေနှင့် စပါးအသင်းက ပရီ မီယာလိဂ်ပွဲကျန် ၁၃ ကို ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ ဘန်လေအသင်းသည် ပရီမီယာလိဂ် ၂၂ ပွဲ ကစားပြီး ရမှတ် ၁၇ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေပြီး ပြိုင်ဘက်စပါးအသင်းက ၂၃ ပွဲ ကစားပြီး ရမှတ် ၃၉ မှတ်ဖြင့် အဆင့် (၄) အတွင်းဝင်ရန် ကြိုးစားနေသည့် အသင်းဖြစ်သည်။ စပါးအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်တွင် မန်စီးတီးအသင်းကို ကိန်း၏ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သော် လည်း တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက် ရန် ကြိုးစားလာမည့် ဘန်လေအသင်းကို ခက်ခက်ခဲခဲ ကစားရဖွယ်ရှိသည်။
ဝက်ဖို့ဒ်နှင့် ပဲလေ့စ်အသင်းက ပရီမီယာလိဂ်ပွဲကျန် ၁၈ ကို ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ ဝက်ဖို့ဒ်အသင်းရော ပဲလေ့စ်အသင်းပါ နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့် ငါးပွဲတွင် နိုင်ပွဲတစ်ပွဲ သာ ရရှိထားသောကြောင့် ခြေစွမ်း အကျဘက် ရောက်နေသည်။ သို့သော် လည်း တန်းဆင်းဇုန်အတွင်း ကျရောက် နေသည့် ဝက်ဖို့ဒ်အသင်းအနေဖြင့် ပဲလေ့စ်အသင်းကို အနိုင်ရရှိရေး အားစိုက် ကစားလာမည် ဖြစ်သည်။
လီဗာပူးနှင့် လိဒ်စ်အသင်းတို့က ပရီမီယာလိဂ်ပွဲကျန် ၁၉ ကို ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ လီဗာပူးအသင်း သည် ယခုပွဲစဉ် အနိုင်ရရှိလျှင် ဦးဆောင် သူ မန်စီးတီးအသင်းနှင့် ပွဲတူ သုံးမှတ် အကွာသို့ ရောက်ရှိလာမည်ဖြစ်သည့် အတွက် နည်းပြ ကလော့ပ်အနေဖြင့် အားထားရသည့် ကစားသမားအစုံအလင် ဖြင့် လိဒ်စ်အသင်းကို ရင်ဆိုင်လာဖွယ် ရှိသည်။ လိဒ်စ်အသင်းကလည်း နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် လေးပွဲ တွင် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သရေတစ်ပွဲ နှင့် ရှုံးပွဲ သုံးပွဲအထိ ရှိထားသည့်အတွက် နိုင်ပွဲရရှိရေး ဦးတည်လာမည်ဖြစ်သည်။
အောင်ဇော်